ဘွန်ဒစ်လီဂါပွဲစဉ်များအကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များအကြိုသုံးသပ်ချက်
Published 16 December 2017

 

ကိုလုံး နှင့် ဝုလ်ဖ်ဘတ်   (၁၆-၁၂-၂၀၁၇) စနေည ၉း၀၀နာရီ

ဝုလ်ဖ်ဘတ် ရလဒ်ကောင်းနေပေမယ့် အဝေးကွင်းမှာဆို သိပ်စိတ်ချလို့ မရသေးပါဘူး။ မျှော်လင့်ချက်နည်းနေတဲ့ ကိုလုံး မမျှော်လင့်ဘဲ အမှတ်ရသွားနိုင်တယ်။

 

ဟော်ဖန်ဟင်မ်ကွင်းလယ်လူ
အာမီရီနှင့် ဒေါ့မွန်တိုက်စစ်မှူး
အူဘာမီယန်းတို့ ဘောလုံးယှဉ်လုနေစဉ်
Photo: AFP

ဝါဒါဘရီမင် နှင့် မိန့်ဇ်   (၁၆-၁၂-၂၀၁၇) စနေည၉း၀၀နာရီ

မိန့်ဇ်အသင်းရဲ့အခြေအနေက အတော်လေးဆိုးရွားလာ တယ်။ အမှတ်ပေးပွဲနောက်ဆုံး(၈)ပွဲမှာ ကိုလုံးတစ်သင်းကိုသာ အနိုင်ရခဲ့တာပါ။ ဒီလိုအချိန်မှာ ပုံစံကောင်းရနေတဲ့ ဝါဒါဘရီမင် နဲ့ဆုံတွေ့နေလို့ မိန့်ဇ်အသင်း ရုန်းကန်ရဦးမယ်။ တိုက်စစ်မှူး ကရူဆေး ဂိုးမြူးနေတဲ့ ဝါဒါဘရီမင်အသင်း အိမ်ကွင်းနိုင်ပွဲဆက် ဖို့များတယ်။

ဖရန့်ဖတ် နှင့် ရှော်လ်ကေး    (၁၆-၁၂-၂၀၁၇) စနေည့ ၉း၀၀နာရီ

ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့ ဖရန့်ဖတ်က အိမ်ကွင်း၊ အဝေးကွင်း (၂)ကျော့စလုံး အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဖရန့်ဖတ်ရဲ့ဒီရာသီရလဒ်ပိုင်းက အိမ်ကွင်း၊ အဝေးကွင်း ပြောင်းပြန် ဖြစ်နေတယ်။ ရှော်လ်ကေးကတော့ အဝေးကွင်းမှာ အမှတ်ယူနိုင်စွမ်း ပိုရှိလာတာတွေ့ရတယ်။ ဒီပွဲလည်း ရှော်လ်ကေး အမှတ်ရလိမ့်မယ်။

အော့စ်ဘတ် နှင့် ဖရိုင်းဘတ်   (၁၆-၁၂-၂၀၁၇) စနေည ၉း၀၀နာရီ

ဖရိုင်းဘတ်အသင်း အခြေအနေ အတော်လေးကောင်းလာတယ်။ အော့စ်ဘတ်က အိမ်ကွင်း စိတ်မချရဘူး။ ဖရိုင်းဘတ်ဘက်ကပဲ ရပ်တည်ချင်တယ်။

စတုဂတ် နှင့် ဘိုင်ယန်မြူးနစ်   (၁၆-၁၂-၂၀၁၇)စနေည ၉း၀၀နာရီ

စတုဂတ်က လေဗာကူဆင်ကိုရှုံးပြီး ပထမဆုံးအိမ်ကွင်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘိုင်ယန်က ပြိုင်ပွဲစုံနောက်ဆုံး(၁၅)ပွဲဆက် အနိုင်ရထားခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်အနေနဲ့ အခုပွဲထက် လာမယ့်ကြားရက်မှာ ဒေါ့မွန်နဲ့ ကစားရမယ့် ဂျာမန်ဖလားပွဲကို ပိုအာရုံရောက်နေနိုင်တယ်။ စတုဂတ်နဲ့ပဲ စွန့်စားချင်တယ်။

ဒေါ့မွန် နှင့် ဟော်ဖန်ဟင်မ်   (၁၆-၁၂-၂၀၁၇) စနေည ၁၂း၀၀နာရီ

ဒေါ့မွန်အသင်း နောက်ဆုံးကစားခဲ့တဲ့ မိန့်ဇ်နဲ့ပွဲမှာ နိုင်ပွဲပြန်တွေ့ခဲ့ပါတယ်။ ဆောင်းရာသီအနားပေးချိန်မတိုင်မီ ဟော်ဖန်ဟင်မ်၊ ဘိုင်ယန်မြူးနစ်(ဂျာမန်ဖလား)တို့နဲ့ ပွဲကျပ်(၂)ပွဲဆက်တိုက်ကစားရမယ့် ဒေါ့မွန်အတွက် စိတ်ဓာတ်လှုံ့ဆော်ပေးမှုတစ်ရပ် ဖြစ်စေပါလိမ့်မယ်။ အသင်းက နည်းပြသစ် စတိုဂါရဲ့ပွဲဦးထွက်မှာ အနိုင်နဲ့စတင်နိုင်ခဲ့တာပါ။ စတိုဂါက High Profile ရှိတဲ့ နည်းပြ တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းရဲ့Turning Point တစ်ခုမှာ ဘာမဆိုဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုတာ ထည့်တွက်ရလိမ့်မယ်။ စတိုဂါကတော့ မိန့်ဇ်ကိုနိုင်ခဲ့တဲ့ Line-up  ကိုပဲ အခုပွဲမှာ ပြန်သုံးဖို့များပါတယ်။ ခံစစ်မှာ အားနည်းချက်ရှိနေသေးပေမယ့် ယခင်ကလောက် အခြေအနေမဆိုးတော့ပါဘူး။ နာဘရီ၊ အူတီဟာတို့နဲ့ပွဲထွက်လာမယ့် ဟော်ဖန်ဟင်မ်တိုက်စစ်ကိုတော့ ဒေါ့မွန်နောက်တန်း သတိထားရမယ်။ ဟော်ဖန်ဟင်မ်ရဲ့အဝေးကွင်းရလဒ်ပိုင်းက အားရစရာမရှိပါဘူး။ နောက်ဆုံး(၅)ပွဲမှာ ကိုလုံးကိုသာနိုင်ပြီး (၃)ပွဲအထိရှုံးထားခဲ့ပါတယ်။ ဒေါ့မွန် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

Most Read

Most Recent