ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၁ အသင်း ထိုင်း ယူ-၂၁ အသင်းကိုအနိုင်ရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၁ အသင်း ထိုင်း ယူ-၂၁ အသင်းကိုအနိုင်ရ
Published 15 December 2017

Photo: MFF

၂၀၁၇ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဒီဇင်ဘာ ၁၄ ရက်က ဗီယက်နမ်နိုင်ငံ ကန်တိုမြို့၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၂၁ အသင်းသည် ထိုင်း ယူ-၂၁ အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ပထမပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် သရေကျခဲ့သည့် ပွဲထွက်လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။

မြန်မာအသင်းကစားပုံမှာ ပထမပွဲထက် သိသိသာသာ ကောင်းမွန်ခဲ့ပြီး ထိုင်းအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။

ထိုင်းအသင်းသည် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း မြန်မာနောက်တန်းကို မကျော်နိုင်ခဲ့သောကြောင့် ထိရောက်သည့် ဂိုးသွင်းခွင့် ဖန်တီးနိုင်ခြင်းမရှိခဲ့ပေ။

၃၅ မိနစ် တွင် မြန်မာ ယူ-၂၁ အသင်း တစ်ဂိုးတည်း သော အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး အီစိုး ဖန် တီးပေးသည့်ဘောလုံးကို တောင်ပံကစား သမား ဟိန်းထက်အောင်က သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ၆၆ မိနစ် တွင် ထိုင်းဂိုးသမား ပယ်နယ်တီဧရိယာထိပ် အပြင်ဘက်ထွက်ပြီး လက်ဖြင့်ကာကွယ်ခဲ့ သော်ကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ် ပယ်ခံခဲ့ရသည်။ ထိုင်းအသင်းသည် တစ် ယောက်လျော့ပြီးနောက်ပိုင်းတွင် မြန်မာ အသင်းဘက်သို့ ထင်သလောက်ဖိအားပေး နိုင်ခြင်းမရှိတော့ဘဲ မြန်မာအသင်းကသာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။

မြန်မာအသင်းသည် နှစ်ပွဲကစား၊ လေး မှတ်ရရှိထားပြီး အုပ်စုတတိယပွဲအဖြစ် ဒီဇင် ဘာ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ် ယူ-၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထိုင်းအသင်းသည် ပထမပွဲတွင် ဗီယက်နမ် ယူ-၂၁ အသင်းကို အနိုင်ရခဲ့သော်လည်း ယခု ပွဲအရေးနိမ့်ခဲ့၍ သုံးမှတ်သာရရှိထားသည်။

 

Most Read

Most Recent