ဘာယီ၏ဒဏ်ရာကို ခွဲစိတ်ကုသရဖွယ်ရှိသည်ဟု မော်ရင်ဟို ဆို

ဘာယီ၏ဒဏ်ရာကို ခွဲစိတ်ကုသရဖွယ်ရှိသည်ဟု မော်ရင်ဟို ဆို
Published 15 December 2017

Photo: REXFEATURES

မန်ယူနည်းပြ မော်ရင်ဟိုက အိုင်ဗရီကို့စ်နောက်ခံလူ ဘာယီ၏ ခြေချင်းဝတ်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ခွဲစိတ်ကုသရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဘာယီသည် နိုဝင်ဘာလက ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မန်ယူအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် (၈)ပွဲဆက်တိုက် လွဲချော်ခဲ့ရကြောင်းလည်း သိရှိရသည်။

ဘာယီသည် ယင်းဒဏ်ရာကို လက်ရွေးစင်အသင်းအတွက် ကစားရင်း ရရှိခဲ့ခြင်းဖြစ်ပြီး နောက်ထပ်(၈)ပတ်ခန့် အနားယူရဖွယ်ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

မော်ရင်ဟိုက "သူ့ဒဏ်ရာက ပြင်းထန်တယ်လို့ ထင်ပါတယ်။ ဘယ်လောက် နားရမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ပုံမှန်ကုထုံးတွေနဲ့ ကုသပေးနေပြီး ရလဒ်ကောင်းထွက်မလာဘူးဆိုရင်တော့ ခွဲစိတ်ကုသဖို့ စီစဉ်သွားမှာပါ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်ကြည့်ပါဦးမယ်" ဟုပြောကြားခဲ့သည်။

ဘာယီသည် မန်ယူအသင်းကို မော်ရင်ဟို စတင်ကိုင်တွယ်ပြီးနောက် ပထမဆုံးခေါ်ယူခဲ့သည့်ကစားသမားဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent