ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်
Published 14 December 2017

 

ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်
ဂိုးအများဆုံးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အယ်လ်ဂျာဇီးယားအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
၎င်း၏ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးမှာ (၆)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။
စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်အသင်းတို့နှင့်အတူ
ဖီဖာကလပ်ကမ္ဘာ့ဖလား (၇)ပွဲအထိ ကစားခဲ့ကာ သွင်းဂိုး (၆)ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ဂျာဇီးယားအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်
ရီးယဲလ်အသင်းသည် ဗိုလ်လုပွဲတွင် ဂရေမီယိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ

ပုံစာ- ဖီဖာကလပ်ကမ္ဘာ့ဖလား
ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့်
စီရော်နယ်လ်ဒို
Photo: BBC

ယင်းပွဲတွင် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါက ဘာစီလိုနာအသင်းနှင့်အတူ
ချန်ပီယံဆုကို (၃)ကြိမ်ရရှိသည့်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းထားသူများ

စီရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်) ၆ ဂိုး
ဆွာရက်ဇ်၊ မက်ဆီ(ဘာစီလိုနာ) ၅ ဂိုး
ဒယ်လ်ဂါဒို(မွန်တာရေး) ၅ ဂိုး

Most Read

Most Recent