<

မက်ဆီ၏အစ်ကို လက်နက်ပိုင်ဆိုင်မှုဖြင့် ထိန်းသိမ်းခံရ

Photo: nypost

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ၏ အစ်ကိုဖြစ်သူ မားတီးယက်စ်မက်ဆီသည် လက်နက်ပိုင်ဆိုင်မှုဖြင့် အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့ရှိ ၎င်း၏အိမ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်က မျက်နှာတွင်ဒဏ်ရာများစွာရရှိထားသည့် မားတီးယက်စ်ကို မျောနေသော မော်တော်ဘုတ်တစ်စင်းပေါ်တွင် တွေ့ရှိခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယင်းမော်တော်ဘုတ်မှာ သဲသောင်ခုံကို ၀င်တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရှာဖွေရာတွင် ခြောက်လုံးပြူးသေနတ်တစ်လက်ကို တွေ့ရှိခဲ့သောကြောင့် မားတီးယက်စ်ကို လက်နက်ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မားတီးယက်စ်အနေဖြင့် ယခုကဲ့သို့ လက်နက်ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခံရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပြစ်မှုထင်ရှားပါက မားတီးယက်စ်မှာ ထောင်ဒဏ် နှစ်နှစ်ခွဲမှ ရှစ်နှစ်အကြား ကျခံရဖွယ်ရှိနေပြီး လတ်တလောတွင် ဖခင်ဖြစ်သူ ဟော့ဟဲမက်ဆီက အာမခံထားကြောင်း သိရသည်။

December 12, 2017














Copy Protected by Chetan's WP-Copyprotect.