အီတလီစီးရီးအေပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Published 11 December 2017

ဂျီနိုအာ - အတ္တလန်တာ ( မြန်မာစံတော်ချိန် ၁၂-၁၂-၂၀၁၇ နံနက် ၀၀း၃၀)

အတ္တလန်တာ အဝေးကွင်းမှာ နိုင်ပွဲမရသေးသလို၊ ဂျီနိုအာ ကလည်း အိမ်ကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ ဒါပေမဲ့ ဂျီနိုအာရဲ့ အိမ်ကွင်းတိုက်စစ်ကစားပုံက မာကျောပြီး ဂိုးတွေလည်း ပိုရလေ့ ရှိတယ်။ နှစ်သင်းစလုံးရဲ့ နောက်ပိုင်းပွဲအများစုဟာ ဂိုးနည်းလေ့ ရှိပေမယ့် ဒီပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်ထင်ပါတယ်။ ဂျီနိုအာအမှတ်ရမယ်။

လာဇီယို - တိုရီနို ( မြန်မာစံတော်ချိန် ၁၂-၁၂-၂၀၁၇ နံနက် ၂း၃၀)

အီမိုဘီလီ ဂိုးပေါက်ပျောက်ဆုံးနေလို့ လာဇီယို ရုန်းကန် နေရပါတယ်။ ပြီးတော့ လာဇီယိုက ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းရလဒ်တွေ ပိုကောင်းနေတာကို သတိပြုရပါမယ်။ တိုရီနိုက လက်ရှိအချိန်မှာ အမှတ်တွေခွဲယူနေတာတွေ့ရပြီး အဝေးကွင်းနောက်ဆုံး(၂)ပွဲမှာ မီလန်မြို့ခံနှစ်သင်းကို သရေ ခံ ကစားထားတယ်။ လာဇီယို ရုန်းကန်ရပါမယ်။

စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Most Read

Most Recent