နည်းပြ ပေတာဘော့ဇ်ကို ဒေ့ါမွန်အသင်း ရာထူးမှထုတ်ပယ်

နည်းပြ ပေတာဘော့ဇ်ကို ဒေ့ါမွန်အသင်း ရာထူးမှထုတ်ပယ်
Published 11 December 2017

ဒေ့ါမွန်အသင်းသည် ဘွန်ဒစ်လီဂါတွင် နောက်ဆုံး(၈)ပွဲဆက် နိုင်ပွဲပျောက်
ဆုံးခဲ့ပြီးနောက် ပြီးခဲ့ သည့်တနင်္ဂနွေနေ့က ၎င်းတို့၏ နည်းပြဖြစ်သူ
ပေတာဘော့ဇ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်းသိရသည်။

ဒေ့ါမွန်အသင်းသည် ပြီးခဲ့သည့်စနေနေ့က အိမ်ကွင်းတွင် ဝါဒါဘရီမင်အသင်းကို
(၁-၂) ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး ဘွန်ဒစ်လီဂါနောက်ဆုံး(၈)ပွဲ၌ (၅)ပွဲရှုံး၊ (၃)ပွဲ
သရေကျခဲ့ကာ အသင်းသမိုင်းတစ်လျှောက် အဆိုး ရွားဆုံး ရလဒ်နှင့်
ရင်ဆိုင်နေရခြင်းဖြစ်သည်။ဒေ့ါမွန်အသင်းသည် လက်ရှိအချိန်တွင်
ဘွန်ဒစ်လီဂါ၌ ထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်နှင့် (၁၃)မှတ် အထိ ကွာ
ဟနေပြီဖြစ်သည်။ ထို့ပြင် ဒေ့ါမွန်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း
အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ပြိုင်ပွဲစုံ နောက်ဆုံး(၁၃)ပွဲ၌ တစ်ပွဲသာ အနိုင်ရသည်
အထိ အခြေအနေဆိုးရွားခဲ့သည်။ ဝါဒါဘရီမင်ကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင်
ဒေ့ါမွန်အသင်းအမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝေ့ါဇ်ကီ နှင့် မိုက်ကယ်ဇော့တို့မှာ
ပေတာဘော့ဇ်၏ အနာဂတ်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး
ပေတာ ဘော့ဇ်ကို ရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

REF:Daily Mail

Most Read

Most Recent