<

အရှုံးအနိုင် အဖြေမပေါ်ခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီ

မာဆေးဆိုက်ဒ်ဒါဘီပွဲဖြစ်တဲ့ လီဗာပူးလ်-အဲဗာတန်ပွဲမှာတော့
တစ်ဂိုးစီသရေကျခဲ့ပြီး အရှုံးအနိုင်အဖြေမပေါ်ခဲ့ပါဘူး။ ရလဒ်အရ
သရေသာဖြစ်ခဲ့ပေမယ့် လီဗာပူးလ်အသင်းက အဖက်ဖက်က အသာ
ရခဲ့ပြီး တစ်မှတ်သာရခဲ့လို့ နစ်နာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ
ပွဲအစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး အဲဗာတန်အသင်းက
ခံစစ်သက်သက်နဲ့ပဲ ကစားခဲ့ရတာပါ။

အဲဗာတန်အသင်းရဲ့ ကစားပုံက စိတ်ပျက်စရာကောင်းခဲ့ပြီး သာမန်
အသင်းတစ်သင်းပုံစံတောင် မရှိဘဲ ကြုံသလိုကန်ထုတ်၊ ဖျက်ထုတ်
ကစားခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ အဖွင့်ဂိုးကို တောက်လျှောက်
ခြေစွမ်းပြနေတဲ့ ဆာလာက (၄၂)မိနစ်မှာ လှလှပပကန်သွင်းခဲ့တာ
ဖြစ်ပါတယ်။ အခုဂိုးကြောင့် ဆာလာဟာ ပရီးမီးယားလိဂ်သွင်းဂိုး
(၁၃)ဂိုးရှိလာပြီး သွင်းဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံး ပြန်ရောက်ခဲ့
တယ်။ ဂိုးရပြီးနောက်ပိုင်းလည်း လီဗာပူးလ်အသင်းက ဖိကစားခဲ့ပြီး
မာနေး အပိုင်ကန်ချက်ရပေမယ့် တစ်ကိုယ်ကောင်းဆန်ခဲ့လို့ ဒုတိယ
ဂိုးနဲ့ လွဲချော်ခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၇၂)ရာခိုင်နှုန်းအထိရှိခဲ့
ပြီး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့
ဘူး။ ဒါပေမဲ့ (၇၇)မိနစ်မှာ ကလာဗတ်လီဝင်ကို လီဗာပူးလ်နောက်ခံလူ
လိုဗရန် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့အဲဗာတန်အသင်း ပယ်နယ်တီကန်သွင်းခွင့်
ရခဲ့ပြီး ရွန်နီက ကန်သွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်အသင်း
အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကာကွယ်ခဲ့လို့
နှစ်သင်းစလုံး တစ်မှတ်စီ ခွဲယူခဲ့ကြတယ်။

December 10, 2017














Copy Protected by Chetan's WP-Copyprotect.