<

လန်ဒန်မြို့ခံပြိုင်ဘက် ၀က်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီး

 

ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) စနေည အစောဆုံးပွဲအဖြစ် ၀က်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး (၁-၀)ဂိုးနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီး ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ် (၈)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး တန်းဆင်းဇုန်ထဲရောက်နေတဲ့ ၀က်စ်ဟမ်းအသင်းဟာ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပွဲအစ (၆)မိနစ်မှာပဲ ၀က်စ်ဟမ်းအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး လန်ဇီနီ ပေးပို့တဲ့ဘောလုံးကို အာနော်တိုဗစ်က ချယ်လ်ဆီးနောက်ခံလူတွေ ပိတ်ဆို့နေတဲ့ကြားထဲက သွင်းယူသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ၀က်စ်ဟမ်းခံစစ်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတောင် အများကြီးမလုပ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ပတ်ဒရို၊ မိုဆက်စ်၊ ၀ီလီယံတို့ကို ထည့်သွင်းခဲ့ပေမယ့် ဟာဇက်၊ ကွန်တေတို့သာ အဓိက ရုန်းကန်ကစားခဲ့ရပြီး ကျန်ကစားသမားတွေ သိပ်ခြေမပေါ်ခဲ့တာကြောင့် ချယ်လ်ဆီး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

Photo: Getty Images

ဒီနိုင်ပွဲက ၀က်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်အတွက် ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ၀က်စ်ဟမ်း တောင်ပံကစားသမား အာနော်တိုဗစ်ကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၀က်စ်ဟမ်းအသင်းအတွက် ဂိုးသွင်းနိုင်တဲ့ (၁၄၀)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီး ၀က်စ်ဟမ်းထက် ဂိုးသွင်းနိုင်တဲ့ကစားသမားဦးရေ ပိုများတာဆိုလို့ စပါးအသင်း (၁၄၂)ဦးပဲ ရှိနေပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်

ဝက်စ်ဟမ်း ၁-၀ ချယ်လ်ဆီး

■ လာလီဂါရလဒ်

ဂီတာဖေး ၀-၀ အီဘာ

December 9, 2017














Copy Protected by Chetan's WP-Copyprotect.