ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပ ဘောလုံးပွဲစဉ်များ

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပ ဘောလုံးပွဲစဉ်များ
Published 8 December 2017

■လာလီဂါပွဲစဉ်
■ အလာဗတ်စ် နှင့် လက်စ်ပါမားစ် (၉-၁၂-၂၀၁၇ နံနက် ၂း၃၀ နာရီ)
အလာဗတ်စ်ရဲ့ အိမ်ကွင်းအားထုတ်ပုံက မဆိုးလှပေမယ့် ဂိုးသွင်းနှုန်းနဲ့ တိုက်စစ်အားက စိတ်မချရသေးဘူး။ ဒီလိုကစားပုံနဲ့တော့ အခုတလော ခံစစ်အားပြုပြီး အမှတ်ပြန်ရှာနေတဲ့ လက်စ်ပါမားစ်ကိုအနိုင်ရဖို့ မလွယ်လောက်ပါဘူး။ နှစ်သင်းစလုံး အခြေအနေဆိုးတာလည်းတူနေတာကြောင့် ထိပ်တိုက်ဆုံချိန်မှာ ပြိုင်တူရုန်းမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။

■ ဘွန်ဒစ်လီဂါပွဲစဉ်
■ စတုဂတ် နှင့် လေဗာကူဆင် (၉-၁၂-၂၀၁၇ နံနက် ၂း၀၀ နာရီ)
စတုဂတ်က အခုချိန်အထိ အိမ်ကွင်းရှုံးပွဲမရှိသေးပါဘူး။ လေဗာကူဆင်ကတော့ ရှုံးပွဲမရှိစံချိန် ဆက်ထိန်းထားပေမယ့် သရေပွဲတွေများလာတယ်။ စတုဂတ်ကိုပဲ ရွေးသင့်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ်
■ ဘော်ဒိုး နှင့် စထရာဘိုး (၉-၁၂-၂၀၁၇ နံနက် ၂း၁၅ နာရီ)
အိမ်ကွင်းမှာ ဘော်ဒိုးတစ်ပွဲပဲရှုံးထားပြီး စထရာဘိုးကတော့ အဝေးကွင်းဆို ခံစစ်ပြိုလဲလေ့ရှိတယ်။ ဘော်ဒိုး ဂိုးနည်းနည်းနဲ့ နိုင်ဖို့များပါတယ်။

Most Read

Most Recent