ရှက်တာဒိုးနက်နည်းပြ ကတိအတိုင်း ဇောရိုးမျက်နှာဖုံးတပ်ပြီး သတင်းစာရှင်းလင်းပွဲတက်

ရှက်တာဒိုးနက်နည်းပြ ကတိအတိုင်း ဇောရိုးမျက်နှာဖုံးတပ်ပြီး သတင်းစာရှင်းလင်းပွဲတက်
Published 7 December 2017

Photo: AFP

ရှက်တာဒိုးနက်အသင်း၏နည်းပြ ပေါ်လိုဖွန်ဆီကာသည် မန်စီးတီးကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲသို့ ဇောရိုးမျက်နှာဖုံးတပ်ပြီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဖွန်ဆီကာသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ယခုကဲ့သို့ ပြုလုပ်မည်ဟု ကစားသမားများကို ကတိပေးထားခဲ့ခြင်းဖြစ်ပြီး လက်တွေ့တွင်လည်း အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ ဇောရိုးမျက်နှာဖုံး၊ ဇောရိုးဦးထုပ်များဖြင့် တက်ရောက်လာခဲ့သည့် ဖွန်ဆီကာက "ကျွန်တော့်နည်းပြဘဝတစ်လျှောက် ပျော်စရာအကောင်းဆုံး ပွဲပြီးသတင်းစာရှင်းလင်းပွဲပါပဲ။ ရှက်တာဒိုးနက်အသင်း ပရိသတ်တွေသာမက ယူကရိန်းနိုင်ငံသားတွေအားလုံး ကျွန်တော်တို့အတွက် ဂုဏ်ယူပျော်ရွှင်နေကြလိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဖွန်ဆီကာ(၄၄ နှစ်)သည် ပေါ်တူဂီလူမျိုးဖြစ်၍ ၂၀၁၆ ခုနှစ်တွင် ရှက်တာဒိုးနက်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၆-၁၇ ရာသီ ယူကရိန်းပရီးမီးယားလိဂ်၏ အကောင်းဆုံးနည်းပြဆု ရရှိခဲ့သူဖြစ်သည်။

ထို့ကြောင့် အဲဗာတန်အသင်းက နည်းပြအဖြစ် ခန့်အပ်ရန် ဆက်သွယ်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Most Read

Most Recent