ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်များတွင် ဂိုးအများဆုံးသွင်းယူသည့်ရာသီအဖြစ် လက်ရှိရာသီစံချိန်တင်

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်များတွင် ဂိုးအများဆုံးသွင်းယူသည့်ရာသီအဖြစ် လက်ရှိရာသီစံချိန်တင်
Published 7 December 2017

 

 

လက်ရှိရာသီချန်ပီယံလိဂ်ပြိုင်ပွဲသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်များတွင်
ဂိုးအများဆုံးသွင်းယူသည့်ရာသီအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
၂၀၁၇-၁၈ ဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုပွဲစဉ်များအပြီးတွင်
သွင်းဂိုး စုစုပေါင်း (၃၀၆)ဂိုးအထိ ရှိခဲ့ပြီး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိရာသီအုပ်စုပွဲစဉ်များအပြီး ဂိုးအများဆုံးသွင်းယူသည့်အသင်းမှာ
PSG အသင်းဖြစ်ပြီး (၂၅)ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုပ်စုပွဲစဉ်များအပြီး တစ်ပွဲပျမ်းမျှသွင်းဂိုးမှာ (၃ .၁၉)ဂိုး ရှိခဲ့ပြီး ဂိုးတစ်ဂိုးအတွက်
ကြာမြင့်ချိန်မှာ (၂၇)မိနစ်သာ ရှိခဲ့သည်။

ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၆)ပွဲစလုံး ဂိုးသွင်းနိုင်သည့်
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အုပ်စုပွဲစဉ်များအပြီးတွင် ၎င်း၏ သွင်းဂိုးမှာ
(၉)ဂိုးအထိ ရှိခဲ့သည်။

အုပ်စုပွဲစဉ်များအပြီး
ချန်ပီယံလိဂ်သွင်းဂိုးမှတ်တမ်းနှင့်
မိနစ်အပိုင်းအခြားအလိုက်
သွင်းဂိုးပြမှတ်တမ်း
Photo: UEFA

 

Most Read

Most Recent