ဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်အသင်း အုပ်စုပထမရရှိ

ဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်အသင်း အုပ်စုပထမရရှိ
Published 7 December 2017

 

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်(ဒုတိယနေ့)မှာ လီဗာပူးလ်၊ စပါး၊ ပေါ်တိုအသင်းတွေ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်အသင်းက စပါးတပ်မော်စကိုကို (၇-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး
အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တာပါပဲ။ ဒါကြောင့် အင်္ဂလန်ကလပ်အသင်း (၅)သင်းစလုံး
နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။
ဒါ့အပြင် မန်ယူ၊ စပါး၊ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့တာဖြစ်ပြီး
ချယ်လ်ဆီးတစ်သင်းသာ အုပ်စုဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရလို့ အင်္ဂလန်ကလပ်အသင်းတွေ
မျက်နှာပန်းလှခဲ့တယ်လို့ဆိုရမယ်။
မန်စီးတီးအသင်းက ရှက်တာဒိုးနက်ကို ရှုံးနိမ့်ခဲ့သလို၊ နာပိုလီကလည်း ဖီယင်နုကို အနိုင်မကစားနိုင်ခဲ့လို့
နောက်တစ်ဆင့်တက်ခွင့်ကို မန်စီးတီးနဲ့အတူ ရှက်တာဒိုးနက် ရရှိခဲ့ပါတယ်။

အုပ်စုပထမနေရာအတွက် လီဗာပူးလ်အသင်းက အာရုံစိုက်ကစားခဲ့ပြီးစပါးတပ်မော်စကိုကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ပွဲအစကတည်းက လီဗာပူးလ်အသင်းဖိကစားခဲ့ပြီး ပွဲချိန် (၄)မိနစ်မှာပဲ အဖွင့်ဂိုးရရှိခဲ့ပါတယ်။
အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့တဲ့ ကော်တင်ဟိုက ဆာလာကြောင့် ပယ်နယ်တီကို အဖွင့်ဂိုးအဖြစ် သွင်းယူပေးခဲ့ပါတယ်.။
အဲဒီနောက်မှာ လီဗာပူးလ်တိုက်စစ်ကို စပါးတပ်မော်စကိုလုံးဝမထိန်းနိုင်ခဲ့ပါဘူး။
(၁၅)မိနစ်မှာ ဆာလာ၊ မာနေး၊ ဖေမီနိုတွဲလုံးကနေ ကော်တင်ဟိုက ဒုတိယဂိုးနဲ့ (၁၈)မိနစ်မှာ
ဖေမီနိုက တတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ တစ်ဖက်သတ်ဖိကစားခဲ့ပြီး
ဂိုးတွေကို (၄၇)မိနစ်နဲ့ (၇၆)မိနစ်တွေမှာ မာနေး၊ (၅၀)မိနစ်မှာ ကော်တင်ဟိုနဲ့ (၈၆)မိနစ်မှာ
ဆာလာတို့က သွင်ယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ကော်တင်ဟိုဟာ
လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ခြင်းပါပဲ။

Photo: Twitter

ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်
ကော်တင်ဟို
Photo: Twitter

ပုံစာ -လီဗာပူးလ်အသင်းသားများ အောင်ပွဲခံနေစဉ်
Photo: Twitter

 

ရီးယဲလ်အသင်းကလည်း လူမစုံပေမယ့် ဒေါ့မွန်ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။
မိုဒရစ်၊ မာဆယ်လိုတို့နေရာမှာ ကိုဗာချစ်၊ သီအိုဟာနန်ဒက်ဇ်တို့ ဝင်ကစားခဲ့ပြီး
စီရော်နယ်လ်ဒိုက တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ခဲ့ပါတယ်။
(၈)မိနစ်မှာ အစ္စကို ပေးပို့တာကနေ မာယိုရယ်လ်က ရီးယဲလ်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့သလို၊
(၁၂)မိနစ်မှာ စီရော်နယ်လ်ဒိုက ဂိုးဧရိယာထိပ်နားကနေ လှလှပပကန်သွင်းယူခဲ့ပါတယ်။
ဒီဂိုးကြောင့် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး (၆)ပွဲဆက်ဂိုးသွင်းနိုင်တဲ့
ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရီးယဲလ်နောက်ခံလူ ဗာရန်း ဒဏ်ရာကြောင့်ထွက်ခွာသွားခဲ့လို့
ရီးယဲလ်ခံစစ်ပြိုလဲသွားပါတယ်။
(၄၃)မိနစ်နဲ့ (၄၈)မိနစ်မှာ အူဘာမီယန်းက ဒေါ့မွန်အတွက် ချေပဂိုးနှစ်ဂိုး သွင်းခဲ့ပြီး
ရီးယဲလ်အတွက် အနိုင်ဂိုးကိုတော့ (၈၁)မိနစ်မှာ ဗက်ဇ်ကေးက သွင်းယူခဲ့ပါတယ်။

ရလဒ်များ
မာရီဘော ၁-၁ ဆီဗီလာ
လီဗာပူးလ် ၇-၀ စပါးတပ်မော်စကို
ဖီယင်နု ၂-၁ နာပိုလီ
ရှက်တာဒိုးနက် ၂-၁ မန်စီးတီး
လိုက်ပ်ဇစ် ၁-၂ ဘက်ဆစ်တက်
ပေါ်တို ၅-၂ မိုနာကို
ရီးယဲလ် ၃-၂ ဒေါ့မွန်
စပါး ၃-၀ အပိုးလ်နီကိုးရှား

နောက်တစ်ဆင့်တက်ခဲ့သည့်အသင်းများ

မန်ယူ၊ ဘေဆယ်၊ PSG၊ ဘိုင်ယန်မြူးနစ်၊ ရိုးမား၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊
လီဗာပူးလ်၊ ဆီဗီလာ၊ မန်စီးတီး၊ ရှက်တာဒိုးနက်၊ ဘက်ဆစ်တက်၊ ပေါ်တို၊ စပါး၊ ရီးယဲလ်

Most Read

Most Recent