<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ဘာကာယိုကိုအပေါ် ဝေဖန်မှုများကို ကွန်တီ ကာကွယ်

 

 

Photo: AFP

 

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက အသင်း၏ ပြင်သစ်ကွင်းလယ်လူ ဘာကာယိုကိုအပေါ် ပြစ်တင်ဝေဖန်မှုများကို တုံ့ပြန်လိုက်ပြီး ၎င်းဘက်မှ ကာ ကွယ်ပြောကြားခဲ့သည်။

ကွန်တီက ချယ်လ်ဆီးအသင်း ၀က်ဘ်ဆိုက်ဖြစ်သည့် Chelseafc.com ၌ “သူ(ဘာကာယိုကို)ဟာ ငယ်ရွယ်တဲ့ကစားသမားတစ်ဦး ပါ။ သူ့ရဲ့အသက်ဟာ (၂၂)နှစ်ပဲရှိပါသေးတယ်။ သူ့အနေနဲ့ ခြေစွမ်းတိုးတက် အောင်ကြိုးစားနေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ဘောလုံးဒဿနတွေကို နားလည် အောင် သင်ယူနေဆဲပါ။ ဒါကြောင့် သူ့ကို စိတ်ရှည်လက်ရှည်စောင့်ကြည့်ဖို့ လို အပ်ပါလိမ့်မယ်။ ကစားသမားတိုင်း အမှားနဲ့ကင်းကြသူတွေ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။