ဂွါဒီယိုလာ၏ နည်းစနစ်၊ နည်းဗျူဟာများကိုနားလည်ရန် တစ်နှစ်အချိန်ယူခဲ့ရဟု တိုရေးဆို

ဂွါဒီယိုလာ၏ နည်းစနစ်၊ နည်းဗျူဟာများကိုနားလည်ရန် တစ်နှစ်အချိန်ယူခဲ့ရဟု တိုရေးဆို
Published 7 December 2017

 

Photo: Zimbio

 

မန်စီးတီးအသင်း၏ ဝါရင့်ကွင်းလယ်လူ ယာယာတိုရေးက မိမိတို့ မန်စီးတီးကစားသမားများအနေဖြင့် နည်းပြ ဂွါဒီယိုလာ၏ နည်းစနစ်၊ နည်းဗျူဟာများကိုနားလည်ရန် တစ်နှစ်ခန့်အချိန်ယူခဲ့ရသည်ဟု ဝန်ခံပြောကြားခဲ့သည်။

လက်ရှိတွင် အသင်း၌ ဂွါဒီယိုလာ လိုချင်သည့်အရာများကို မိမိတို့ နားလည်နေပြီဖြစ်ပြီး နည်းပြနှင့် ကစားသမား အံဝင်ခွင်ကျဖြစ်နေပြီဟု ယာယာတိုရေးက ပြောကြားခဲ့သည်။

"ပထမရာသီတုန်းကတော့ သူ့ရဲ့နည်းစနစ်၊ နည်းဗျူဟာတွေကို နားလည်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ရပါတယ်။ အခုချိန်မှာတော့ အားလုံးအဆင် ပြေနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ယုံကြည်မှုပြည့်ဝစွာနဲ့ ကစားနိုင်တာပေါ့" ဟု ယာယာတိုရေးက ပြောကြားခဲ့သည်။

Most Read

Most Recent