အနာဂတ်အတွက် ဇန်နဝါရီတွင် ဂိုဟက်ဇ်ကာ ဆုံးဖြတ်ချက်ချမည်

အနာဂတ်အတွက် ဇန်နဝါရီတွင် ဂိုဟက်ဇ်ကာ ဆုံးဖြတ်ချက်ချမည်
Published 4 December 2017

Photo:Reuters

ဂျာမန်လက်ရွေးစင်ကွင်းလယ်လူ ဂိုဟက်ဇ်ကာသည် ၎င်း၏အနာဂတ်အတွက် လာမည့်ဇန်နဝါရီလတွင် ဆုံးဖြတ်ချက်ချသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂျာမန်လူငယ်ကြယ်ပွင့် ဂိုဟက်ဇ်ကာသည် ယခုရာသီကုန်တွင် မိခင်ကလပ် ရှော်လ်ကေး နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့်ဇန်နဝါရီလမှစတင်ပြီး
မည်သည့်ကလပ်အသင်းနှင့်မဆို တရားဝင်ဆွေးနွေးခွင့်ရရှိမည်ဖြစ်သည်။

မန်ယူ၊ အာဆင်နယ်နှင့် ဘာစီလိုနာအသင်းများက ယင်းဂျာမန်ကွင်းလယ်ဖန်တီးရှင်ကို
ခေါ်ယူရန်စိတ်ဝင်စားနေသည့်အပြင် ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်အသင်းများကလည်း ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ရှော်လ်ကေးအသင်းအားကစားဒါရိုက်တာ ဟိုင်ဒယ်လ်ကမူ သူ့အနေဖြင့် ဂိုဟက်ဇ်ကာ အသင်းတွင် ဆက်ကစားရန်မျှော်လင့်နေဆဲဖြစ်သည်ဟု ဝန်ခံခဲ့သည်။

Most Read

Most Recent