အီတလီစီးရီးအေပွဲစဉ်-၁၅ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်-၁၅ ပွဲကြိုသုံးသပ်ချက်
Published 4 December 2017

ခရိုတိုနီ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ၅-၁၂-၂၀၁၇ နံနက် ၀၀း၃၀)
နည်းပြသစ် အော်ဒိုလက်ထက်မှာ အူဒီးနီးစ်ကစားပုံ မာဂုဏ်ပိုမြင့်လာပါတယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာလည်း အူဒီး နီးစ်အနိုင်ရထားပြီး အဝေးကွင်းရလဒ်ဆိုးရွားမှုကို အဆုံးသတ်ထားနိုင်တယ်။
ဒါပေမဲ့ ခရိုတိုနီက အိမ်ကွင်းမှာ ဂရုတစိုက်ကစား တတ်လို့ ဒီပွဲက သရေကျဖို့များပါတယ်။

ဗီရိုနာ - ဂျီနိုအာ (မြန်မာစံတော်ချိန် ၅-၁၂-၂၀၁၇ နံနက် ၂း၃၀)
နောက်ဆုံးပွဲမှာ ဆာဆူအိုလိုကို အဝေးကွင်းနိုင်ပွဲရခဲ့လို့ ဗီ ရိုနာရဲ့ ယုံကြည်စိတ်ပြန်လည်မြင့်မားနေနိုင်ပါတယ်။ ဂျီနိုအာက လည်း ရိုးမားကို သရေကစားနိုင်ခဲ့တဲ့အထိ ပြန်လည်တည်ငြိမ် လာပါတယ်။
နှစ်သင်းစလုံး တန်းဆင်းဇုန်ထဲက လွတ်မြောက်ဖို့ အတွက် အပြိုင်ရုန်းကန်ကြမယ့်အနေအထားကြောင့် ပွဲက အ ကြိတ်အနယ်ရှိနိုင်တယ်။ ဂျီနိုအာ အမှတ်ရနိုင်ပါတယ်။

Most Read

Most Recent