ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 2 December 2017

ပုံစာ - ပြီးခဲ့သည့်ရာသီတွေ့ဆုံမှုတွင် အာဆင်နယ်အသင်းနောက်ခံလူ ဘယ်လာရင်နှင့် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့ ရင်ဆိုင်တွေ့ဆုံစဉ်
(Photo: AFP)

ချယ်လ်ဆီး နှင့် နယူးကာဆယ် (စနေည ရး၀၀ နာရီ)

နယူးကာဆယ်ရဲ့ ခံစစ်နဲ့ ကွင်းလယ်က ကစားပုံမဆိုးပေ မယ့် တိုက်စစ်မှာ အားကိုးရတဲ့သူမရှိဘူး။ ခံစစ်ကလည်း တိုက်စစ် ထက်စာရင်မဆိုးဘူးဆိုပေမယ့် ချယ်လ်ဆီးကွင်းမှာ ဟာဇက်၊ မို ရာတာ၊ ဝီလီယံတို့ကို တားဆီးနိုင်ဖို့ မလွယ်လှဘူး။
ချယ်လ်ဆီးပဲ ဂိုးပြတ်သွင်းလိမ့်မယ်။

ဘရိုက်တန် နှင့် လီဗာပူးလ် (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်က အိမ်ကွင်းပွဲတွေမှာ (၃)ပွဲဆက်သရေကစား ခဲ့တယ်။ အနိုင်ရလောက်တဲ့အထိ မစွမ်းဆောင်နိုင်ပေမယ့် သရေ ခံကစားတာတော့ မဆိုးဘူးလို့ ပြောရမယ်။ လီဗာပူးလ်လည်း ဘ ရိုက်တန်ရဲ့ ကာကွယ်မှုတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာပါ။ ခံစစ်ကလည်း ဂိုးမပေးရဖို့လိုသေးတယ်။
ကပ်နိုင်ဖို့ပဲ ရှိတယ်။

အဲဗာတန် နှင့် ဟက်ဒါဖီးလ် (စနေည ၉း၃၀ နာရီ)

အဲဗာတန်က ရလဒ်တွေဆက်တိုက်ဆိုးပြီးရင် (၃၊ ၄)ပွဲတစ် ကြိမ်လောက် ပြန်ကောင်းတတ်တဲ့ rhythm ရှိတယ်။ ဟတ်ဒါ ဖီးလ်ကတော့ အိမ်ကွင်းမှာ သိပ်မဆိုးပေမယ့် အဝေးကွင်းတော် တော်လေး အားနည်းပါတယ်။ ဒီပွဲကတော့ အဲဗာတန် သေချာ ပေါက်အမှတ်ယူရမယ့်ပွဲပါ။
အနိုင်ကစားလိမ့်မယ်။

လက်စတာ နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

ဘန်လေရဲ့ ခံစစ်ကစားပုံက အိမ်ကွင်းမှာရော၊ အဝေးကွင်း မှာပါ စိတ်ချရတဲ့အနေအထားရှိတယ်။ ခံစစ်နဲ့ ကွင်းလယ်က ယုံ ကြည်မှုအပြည့်နဲ့ ဂိုးမပေးရအောင် ကစားနိုင်တာတွေ့ရတယ်။ လက်စတာကလည်း စပါးကိုအနိုင်ကစားထားပြီး ယုံကြည်မှု တက်နေပါတယ်။
ဒါပေမဲ့ သရေကျဖို့ပဲ များတယ်။

စတုတ်စီးတီး နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)

စတုတ်ရော၊ ဆွမ်ဆီးပါ ကြွေပျက်နေကြတယ်။ စတုတ်က တိုက်စစ်ကမဆိုးပေမယ့် ခံစစ်အရမ်းအားနည်းပြီး ဆွမ်ဆီးက ခံ စစ်ကစားပုံ မဆိုးပေမယ့် ဂိုးသွင်းမယ့်သူမရှိဘူး။ ဒီပွဲက ဆွမ်ဆီး အတွက် နိုင်စရာမရှိတဲ့ ပွဲလို့ဆိုရမယ်။ စတုတ်တိုက်စစ်ပုံမှန်ခြေ စွမ်းပြနိုင်ဖို့များပြီး
နိုင်ပွဲရှာနိုင်လိမ့်မယ်။

ဝက်ဖို့ဒ် နှင့် စပါး (စနေည ၉း၃၀ နာရီ)

ဝက်ဖို့ဒ်က ကြားရက်မှာ မန်ယူကို အိမ်ကွင်းမှာ ရှုံးခဲ့သလို စပါးကလည်း လက်စတာကို အဝေးကွင်းမှာ ရှုံးခဲ့တယ်။ နှစ်သင်းစ လုံးအတွက် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပြီး အကြိတ်အနယ်ကစားရ လိမ့်မယ်။ လက်ရှိ စပါးခြေကျ၊ ယုံကြည်မှုကျဆင်းနေပုံနဲ့ဆိုရင်
ဝက်ဖို့ဒ် အမှတ်ယူနိုင်မှာပါ။

ဝက်စ်ဘရွန်း နှင့် ပဲလေ့စ် (စနေည ၉း၃၀ နာရီ)

ဝက်စ်ဘရွန်းက ရလဒ်တွေဆက်တိုက်ဆိုးနေပြီး နောက် ပိုင်းပွဲတွေမှာ
ခြေပြန်တက်လာတာကိုတွေ့ရတယ်။ ပဲလေ့စ်က လည်း
နောက်ပိုင်းပွဲတွေမှာ ကစားပုံကောင်းလာတယ်။ ဒါပေမဲ့ နိုင်ပွဲတွေအတွက်လုံလောက်တဲ့ ခြေစွမ်းနဲ့ ယုံကြည်မှုမရှိသေးတာ တွေ့ရတယ်။ ဝက်စ်ဘရွန်း သရေနဲ့အနိုင်ပဲ။

အာဆင်နယ် နှင့် မန်ယူ (စနေည ၁၂း၀၀ နာရီ)

ဝက်ဖို့ဒ်နဲ့ ပွဲမှာ မန်ယူက သုံးယောက်တန်းခံစစ် ပုံစံကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ မော်ရင်ဟိုက စိုးရိမ်စိတ်ဝင်လေ့ရှိတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ပွဲတွေမှာ 3 backs ပုံစံကစားလေ့ရှိတာကြောင့် အခုပွဲမှာလည်း ဒီပုံစံကိုပဲ ပွဲထုတ်လာလိမ့်မယ်။
ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား တွေဖြစ်တဲ့ ယန်းနဲ့ ဗလင်စီယာတို့ကို အနားပေးဖို့မရှိသလို၊ ခံစစ် နေရာတွေမှာလည်း ခြေတက်လာတဲ့ လင်ဒီလော့ဖ်ကို စမောလင်း၊ ရိုဟိုတို့နဲ့ တွဲပြီး ပွဲထုတ်ဖို့ရှိတယ်။ အာဆင်နယ်ကတော့ ပုံမှန်ကစားနေကျဖြစ်တဲ့ ၃-၄-၂-၁ ကိုအပြောင်းအလဲလုပ်ဖို့မရှိဘူး။
ဒီပုံစံနဲ့ပဲ ပွဲထွက်လာလိမ့်မယ်။ ချာကာ-ရမ်ဆေးအတွဲနဲ့ ဟာရဲရား-ပေါ့ဘာအတွဲ အားပြိုင်မှုက ဒီပွဲကိုအဆုံးအဖြတ်ပေးမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကစားမယ့် သူတွေကို ဘယ်သူက ပိုအထောက်အကူပြု နိုင်သလဲဆိုတာက ဘယ်သူအသာစီးရမလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။
ဆန်းချက်ဇ်နဲ့ အိုဇေးလ် ပုံစံကောင်းပြနိုင်ရင် ဘယ် ခံစစ်ကြောင်းကိုမဆို ဒုက္ခပေးနိုင်သလို၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်အပါအဝင် မန်ယူရဲ့ဘယ်ကွင်းလယ်တိုက်စစ် အတွဲ ထက်မဆိုသာပါတယ်။ ဆန်းချက်ဇ်ကို လင်ဒီလော့ဖ်မထိန်းနိုင်လို့ ဗလင်စီယာပါ အရမ်းကူပေးနေရရင်တော့
မန်ယူတိုက်စစ် လမ်းကြောင်းပါပျက်လိမ့်မယ်။ အာဆင်နယ်ရဲ့ အိမ်ကွင်းရလဒ်ကလည်း အကောင်းဆုံးပုံစံမှာရှိလို့ အာဆင်နယ်ကိုကြိုက်တယ်။

Most Read

Most Recent