<

ကိုပါအီတာလီယာနှင့် စပိန်ဘုရင့်ဖလား ပွဲစဉ်များ အကြိုသုံးသပ်ချက်

Photo: worldsoccertalk
Photo: Stretto Web

■ ကိုပါအီတာလီယာပွဲစဉ်များ အကြိုသုံးသပ်ချက်
အူဒီးနီးစ် နှင့် ပီရူးဂျီယာ
ပြီးခဲ့တဲ့တတိယအဆင့်မှာ အူဒီးနီးစ်အသင်း လူစုံနီးပါး ထုတ်ကစားခဲ့တာတွေ့ရတယ်။ နှစ်သင်းစလုံး သက်ဆိုင်ရာလိဂ် တွေမှာ တန်းဆင်းဇုန်နားကပ်နေပေမယ့် ပီရူးဂျီယာက အန္တရာယ် ပိုကြီးပါတယ်။ အူဒီးနီးစ် ဂိုးပြတ်နိုင်လောက်တယ်။

ဂျီနိုအာ နှင့် ခရိုတိုနီ
စီးရီးအေနောက်ဆုံးပွဲမှာ နှစ်သင်းစလုံး ပွဲကျပ်တွေကစားခဲ့ရလို့ ပွဲပန်းမှုပိုင်းမှာ ကွာခြားမှုမရှိနိုင်ဘူး။ ပြီးခဲ့တဲ့တစ်ပတ် ကျော်လောက်က ထိပ်တိုက်တွေ့ဆုံမှုမှာ ဂျီနိုအာအသင်းက အဝေးကွင်းမှာ အနိုင်ကစားထားတာတွေ့ရတယ်။ နှစ်သင်း ရင်ဆိုင်တွေ့တိုင်း အသာပိုရလေ့ရှိတဲ့ ဂျီနိုအာအသင်း အနိုင်ကစားသွားဖို့များပါတယ်။

■ စပိန်ဘုရင့်ဖလားပွဲစဉ်များ အကြိုသုံးသပ်ချက်
အလာဗတ်စ် နှင့် ဂီတာဖေး
ဂီတာဖေးက ခြေစွမ်းပြန်တက်လာပြီး အလာဗတ်စ်ကတော့ ရှုံးပွဲဆက်နေပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဂိုးသွင်းခြေရှိတာကြောင့် အပြန်အလှန်ဂိုးတွေကို မြင်တွေ့ရနိုင်ပါတယ်။ အဝေးကွင်းမှာ နိုင်ထားတဲ့ အလာဗတ်စ်ကိုပဲ ကြိုက်ပါတယ်။

ဗီလာရီးယဲလ် နှင့် ပွန်ဖယ်ရာဒီနာ
ဗီလာရီးယဲလ်က ပထမအကျော့မှာ ဒီပြိုင်ဘက်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ခြေမှန်ပြန်ရနေပါတယ်။ တိုက်စစ်လည်း တက်လာတာကြောင့် အိမ်ရှင်နဲ့ ဂိုးအများပါပဲ။

အက်စ်ပန်ညို နှင့် တယ်နာရီဖယ်
အက်စ်ပန်ညိုအသင်း အိမ်ကွင်းမှာတောင် အရင်လို မာကျောမှုမရှိတော့ပေမယ့် တယ်နာရီဖယ်ကိုတော့ အိမ်ကွင်းမှာ (၆)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားပါတယ်။ အက်စ်ပန်ညို (၁-၀)လောက်နဲ့ နိုင်ဖို့များပါတယ်။

ဗလင်စီယာ နှင့် ဇာရာဂိုဇာ
ဗလင်စီယာက ပုံစံကောင်းပျက်မသွားဖို့ ပွဲတိုင်းမှာ အာရုံစိုက်ကစားနေပါတယ်။ ဒီပွဲမှာ အရံကစားသမားတွေကို ပိုသုံးလာနိုင်ပေမယ့် ဇာရာဂိုဇာလို ဆီဂန်ဒါမှာ ရုန်းကန်နေရတဲ့အသင်းကို လွယ်လွယ်ကူကူ ဂိုးပြတ်အနိုင်ယူဦးမှာပါ။

ဘက်တစ် နှင့် ကာဒစ်ဇ်
ဆီဂန်ဒါမှာ နိုင်ပွဲဆက်နေတဲ့ ကာဒစ်ဇ်ကို ဘက်တစ် သတိထားဖို့ လိုပါတယ်။ ဒါပေမဲ့ အစဉ်အလာမှာတော့ ကာဒစ်ဇ်ကို ဘက်တစ် တစ်ပွဲမှ မရှုံးဖူးပါဘူး။ ပထမအကျော့အနိုင်ရလဒ်ကို ထိန်းနိုင်ဖို့ပဲ ဘက်တစ် ကြိုးစားဖို့များပါတယ်။

November 30, 2017














Copy Protected by Chetan's WP-Copyprotect.