ဆီဗီလာအသင်းနည်းပြ ဘယ်ရစ်ဇို၏ ကင်ဆာရောဂါခွဲစိတ်မှု အောင်မြင်

ဆီဗီလာအသင်းနည်းပြ ဘယ်ရစ်ဇို၏ ကင်ဆာရောဂါခွဲစိတ်မှု အောင်မြင်
Published 30 November 2017

Photo: Goal

ဆီဗီလာအသင်းနည်းပြ ဘယ်ရစ်ဇိုသည် ကင်ဆာရောဂါအား နိုဝင်ဘာ ၂၈ ရက်တွင် ခွဲစိတ်ကုသမှုခံယူရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

ဘယ်ရစ်ဇို (၄၈ နှစ်)သည် ယခုနှစ်နွေရာသီတွင် ဆီဗီလာအသင်းနည်းပြအဖြစ် စတင်ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်က လီဗာပူးလ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် သုက်ရည်ဂလင်း ကင်ဆာရောဂါခံစားနေရကြောင်း ဝန်ခံပြောကြားခဲ့သည်။

၎င်းသည် ကင်ဆာအကျိတ်အား ခွဲစိတ်ကုသမှုခံယူရာ အောင်မြင်မှုရရှိကြောင်း ဆီဗီလာအသင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာရန် အနားယူရမည့်ကာလမှာမူ ရက်အနည်းငယ်ကြာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

၎င်းအနားယူနေရသည့်ကာလတွင် လက်ထောက်နည်းပြ မာရက်ချီက ယာယီတာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်က စပိန်ဘုရင့်ဖလားပွဲ၌ စတင်ကိုင်တွယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent