စပိန်ဘုရင့်ဖလား ရှုံးထွက် ၃၂ သင်းအဆင့် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ရှုံးထွက် ၃၂ သင်းအဆင့် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Published 28 November 2017

မာလာဂါ နှင့် နူမန်စီယာ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၁း၀၀)

မာလာဂါက အိမ်ကွင်းမှာ နိုင်ပွဲဆက်လာပါတယ်။ ပထမ အကျော့တုန်းကလည်း နူမန်စီယာကို နောက်ကျဂိုးတွေနဲ့သာ အရှုံးပေးခဲ့ရတာပါ။ မာလာဂါ ရှုံးေ<ကးပြန်ဆပ်ပါလိမ့်မယ်။

လီဟာနက်စ် နှင့် ဗယ်လာဒိုလစ် (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၁း၀၀)

လီဟာနက်စ် ရှုံးပွဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရသလို၊ ဗယ်လာဒိုလစ်ကလည်း အဝေးကွင်းဆို မစွံပါဘူး။ အိမ်ရှင် လီ ဟာနက်စ်ကိုပဲ ရွေးချယ်သင့်ပါတယ်။

ရီးယဲလ် နှင့် ဖွယ်ယာဘရာဒါ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၃း၀၀)

ဖွယ်ယာဘရာဒါက ဆီဂန်ဒါ(ခ)မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းပါ။ ရလဒ်တွေလည်း ကောင်းနေပေမယ့် အိမ်ကွင်းမှာတောင် ရီးယဲလ်ကို ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ ပရိသတ် ကျေနပ်အောင်ကစားမယ့် ရီးယဲလ် ဂိုးပြတ်သွင်းမှာပါ။

လီဗန်တေး နှင့် ဟီရိုနာ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၃း၀၀)

ဟီရိုနာ ခြေပြန်ငြိမ်လာပြီး တိုက်စစ်ကလည်း အလုပ်ဖြစ် လာပါတယ်။ ဒါပေမဲ့ လီဗန်တေးကလည်း ခြေရည်တူအသင်း တွေနဲ့ဆိုရင် အမှားနည်းပါတယ်။ ပထမအကျော့က နိုင်ထားလို့ လီဗန်တေး သရေရလဒ်ကိုပဲ ဦးတည်ကစားဖို့များပါတယ်။

ဆယ်လ်တာဗီဂို နှင့် အီဘာ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၃း၀၀)

ဆယ်လ်တာဗီဂိုနဲ့ယှဉ်ရင် အီဘာက အောက်အသင်းဖြစ် နေပေမယ့် အစဉ်အလာမှာတော့ ဆယ်လ်တာကို အသာရထား ပါတယ်။ ဆယ်လ်တာကွင်းမှာလည်း ရလဒ်ကောင်းတတ်ပါ တယ်။ အိမ်ရှင် ကပ်နိုင်ရုံထက် မပိုပါဘူး။

Most Read

Most Recent