ဆီးကျိတ်ကင်ဆာရောဂါခံစားနေရသည့် ဆီဗီလာအသင်းနည်းပြ ဘရစ်ဇို ကာလအတန်ကြာ အနားယူရဖွယ်ရှိ

ဆီးကျိတ်ကင်ဆာရောဂါခံစားနေရသည့် ဆီဗီလာအသင်းနည်းပြ ဘရစ်ဇို ကာလအတန်ကြာ အနားယူရဖွယ်ရှိ
Published 23 November 2017

 

ဆီးကျိတ်ကင်ဆာရောဂါခံစားနေရသည့် ဆီဗီလာအသင်းနည်းပြ
ဘရစ်ဇိုသည် ကာလအတန်ကြာ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ဘရစ်ဇို ဆီးကျိတ်ကင်ဆာရောဂါခံစားနေရခြင်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌
ဆီဗီလာအသင်းဆေးအဖွဲ့က အတည်ပြုကြေညာခဲ့ပြီး အမြန်ဆုံးသက်သာ
ပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးခဲ့သည်။
ဘရစ်ဇိုအတွက် အသင်းဟောင်းဆယ်လ်တာဗီဂိုအသင်းအပါအဝင်
စပိန်ဘောလုံးအသိုင်းအဝိုင်းက အားပေးစကားများပြောကြားခဲ့ပြီး
ရိုးမားအသင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆီဗီလာအားကစားဒါရိုက်တာဟောင်း
မွန်ချီက အလျော့မပေးဘဲ ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။

အာဂျင်တီးနားလူမျိုးနည်းပြဘရစ်ဇိုသည် လက်ရှိအချိန်၌ အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး
ကစားသမားဘဝတွင် ရေးဗားပလိတ်၊ မာဆေးလ်နှင့် ဆယ်လ်တာဗီဂိုအသင်းများတွင်
ကစားခဲ့ဖူးကြောင်း သိရသည်။
ဘာစီလိုနာအသင်းကို လာလီဂါစံချိန်တင်ရမှတ် (၁၀၀)ရယူပေးနိုင်ခဲ့သည့်
နည်းပြ ဗီလာနိုဗာသည် အသက် (၄၅)နှစ်အရွယ် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်း၌
လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပုံစာ - လီဗာပူးလ်အသင်းနှင့် (၃-၃)ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် တွေ့ရသည့် ဆီဗီလာအသင်းနည်းပြ ဘရစ်ဇိုနှင့်အသင်းသားများ
Photo: AFP

 

Most Read

Most Recent