ဖီးလ်ဂျုံးစ်၏ဒဏ်ရာကို ဆေးထိုးခဲ့ခြင်းအား အသိမပေးသည့် အတွက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို မော်ရင်ဟို ဝေဖန်

ဖီးလ်ဂျုံးစ်၏ဒဏ်ရာကို ဆေးထိုးခဲ့ခြင်းအား အသိမပေးသည့် အတွက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို မော်ရင်ဟို ဝေဖန်
Published 23 November 2017

 

 

Photo: The Sun

 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်အား မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ်၏ ဒဏ်ရာနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဖီးလ်ဂျုံးစ်အား အင်္ဂ လန်လက်ရွေးစင်အသင်းဆေးအဖွဲ့က ဒဏ်ရာသက်သာစေရန်အတွက် ဆေးထိုးခဲ့ရာတွင် ကလပ်အသင်းဖြစ်သည့် မန်ယူအသင်းထံ အသိမပေးခဲ့၍ မော်ရင်ဟိုက ယင်းကဲ့သို့ ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်
ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဖီးလ်ဂျုံးစ်သည် ပြီးခဲ့သည့်တစ်ပတ် နိုင်ငံတကာရက်သတ္တပတ်အတွင်း ကစားခဲ့သော အင်္ဂလန်-ဂျာမနီခြေစမ်းပွဲ၌ ပါဝင်ကစားပြီး ဒဏ်ရာအခြေအ နေကြောင့် မိနစ်အနည်းငယ်သာ ကစားနိုင်ခဲ့သည်။ နိုဝင်ဘာလ(၁၀)ရက် နေ့က ကစားခဲ့သည့် ယင်းပွဲတွင် ဖီးလ်ဂျုံးစ်သည် ပွဲ ချိန်(၂၅)မိနစ်၌ ဆက်မကစားနိုင်ဘဲ ကွင်းပြင်သို့ ခြေထော့နင်းဖြင့် ထွက်ခွာလာခဲ့ရသဖြင့် ၎င်းအား အခြားနောက်ခံလူတစ်ဦးဖြစ်သည့် ဂျိုး ဂိုးမက်ဇ်နှင့် လူစားလဲခဲ့ရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းဆေးအဖွဲ့သည် အင်္ဂလန်-ဂျာမနီပွဲ၌ ဖီးလ်ဂျုံးစ်ပါဝင် ကစားနိုင်ရန် ပွဲမတိုင်မီ ၎င်းကို နာကျင်မှု သက်သာစေသည့်ဆေး(၆)လုံးအထိ ထိုးသွင်းခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ယင်းဖြစ်
ရပ်နှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်ဂိတ်ကို ဝေဖန်ပြောကြားခဲ့ရာ မီဒီယာများက ၎င်းအနေဖြင့် ဆောက်ဂိတ်အား တိုက်ရိုက်တွေ့ဆုံစောဒကတက်ခဲ့သလားဟု မေးမြန်းခဲ့သည်။

မော်ရင်ဟိုက " ဒါ ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ ဒီကိစ္စက နှစ်ဖက်အသင်း (အင်္ဂလန်လက်ရွေးစင်အသင်းနှင့် မန်ယူအသင်း) ဆရာဝန်တွေအကြား ဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုပါ။ ကျွန်တော်က ဆရာဝန်တစ်
ယောက်မဟုတ်ပါဘူး။ ကျွန်တော်သိတာက မန်ယူအသင်းဆရာဝန်တွေနဲ့ အင်္ဂလန်အသင်းဆရာဝန်တွေအကြား ဖီးလ်ဂျုံးစ်မှာ ဒူးဒဏ်ရာအနည်းငယ်ရှိတယ်လို့ ပြောဆိုခဲ့တာလောက်ပဲရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အင်္ဂလန်အသင်းဆေးအဖွဲ့ ဆီက ဘာဆက်သွယ်မှုမှ မရရှိခဲ့ပါဘူး။ သူတို့ဟာ ပွဲမတိုင်ခင် ဖီးလ်ဂျုံးစ်ကို ထိုးဆေး တွေ ထိုးသွင်းခဲ့ကြတာ ပြန်သိခဲ့ရပါတယ်။ သူတို့က ဒီကိစ္စအတွက် ကျွန်တော်တို့ဆီ အကြောင်းမကြားခဲ့ပါဘူး။ ဆောက်
ဂိတ်နဲ့ ကျွန်တော် စကားပြောစရာကိစ္စမရှိပါဘူး။ သူ့အသင်း အောင်မြင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပေးနေပါတယ်" ဟု ပြောကြားခဲ့ သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) တာဝန်ရှိသူများကမူ ဖီးလ်ဂျုံးစ်ကိစ္စတွင် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အမှားအယွင်း မရှိခဲ့ဟု ထုတ်ပြန်ခဲ့ကြသည်။

Most Read

Most Recent