အီတလီနည်းပြရာထူးအတွက် အန်ဆယ်လော့တီ စဉ်းစားရန် FIGC မျှော်လင့်

အီတလီနည်းပြရာထူးအတွက် အန်ဆယ်လော့တီ စဉ်းစားရန် FIGC မျှော်လင့်
Published 22 November 2017

Photo: vtv

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC)၏ ဘုတ်အဖွဲ့သည် လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဝါရင့်နည်းပြ အန်ဆယ်လော့တီအနေဖြင့် စဉ်းစားပေးရန် မျှော်လင့်နေကြောင်း သိရသည်။

FIGC ဥက္ကဋ္ဌဖြစ်သူ တာဗက်ချီယိုမှာ နိုဝင်ဘာ ၂၀ ရက်က ရာထူးမှနုတ်ထွက်သွားပြီးနောက် အဖွဲ့ချုပ်၏လုပ်ပိုင်ခွင့်အာဏာကို ဆုပ်ကိုင်ထားသည့် ဘုတ်အဖွဲ့က အန်ဆယ်လော့တီကို လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

အန်ဆယ်လော့တီမှာ ပြီးခဲ့သည့်စက်တင်ဘာက ဘိုင်ယန်မြူးနစ်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး အီတလီအသင်းနည်းပြရာထူးကိုလည်း စိတ်ဝင်စားခြင်း ရှိ၊ မရှိ ဖွင့်ဟမှုမရှိသေးကြောင်း သိရသည်။

Most Read

Most Recent