<

နှာခေါင်းကျိုးဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲကို ရာမို့စ် လွဲချော်မည်

Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်သည် နှာခေါင်းကျိုးဒဏ်ရာကြောင့် နိုဝင်ဘာ ၂၁ ရက် (ယနေ့) ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ရာမို့စ်သည် မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ ဟာနန်ဒက်ဇ်၏ဖိနပ်နှင့် ထိခိုက်မိရာမှ ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရသည်။

ဒဏ်ရာအား စစ်ဆေးပြီးနောက် နှာခေါင်းကျိုးသွားခြင်းဖြစ်ကြောင်း ရီးယဲလ်အသင်းက နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး အနားယူရမည့်ကာလကိုမူ ကြေညာခြင်းမရှိကြောင်း သိရသည်။

ရာမို့စ်အနေဖြင့် အပိုးလ်နီကိုးရှားနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်မည်ဖြစ်သော်လည်း မာလာဂါနှင့်ပွဲတွင်မူ မျက်နှာဖုံးတပ်၍ ပြန်လည်ကစားဖွယ်ရှိကြောင်း စပိန်ထုတ် Marca သတင်းစာက ဖော်ပြခဲ့သည်။

November 21, 2017














Copy Protected by Chetan's WP-Copyprotect.