အာဆင်နယ်အသင်း၏ ကင်းထောက်ချုပ် ရာထူးမှ နုတ်ထွက်ရန် စီစဉ်နေ

အာဆင်နယ်အသင်း၏ ကင်းထောက်ချုပ် ရာထူးမှ နုတ်ထွက်ရန် စီစဉ်နေ
Published 9 November 2017

Photo: Daily Mail

အာဆင်နယ်အသင်း၏ ကင်းထောက်ချုပ် စတိဗ်ရိုလေးသည် ရာထူးမှ နုတ်ထွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။

စတိဗ်ရိုလေးသည် အာဆင်နယ်အသင်းနှင့် နှစ်ပေါင်း(၃၅)နှစ်ဝန်းကျင် လက်တွဲခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါးကို နည်းပြအဖြစ် ခန့်အပ်ရန် အဓိကအကြံပြုခဲ့သူဖြစ်ကြောင်းလည်း သိရှိရသည်။

နောက်ပိုင်းတွင် အာစင်ဝင်းဂါးနှင့် လက်တွဲညီညီဖြတ်သန်းခဲ့ပြီး ရွက်ပုန်းသီးကစားသမားများစွာကို ရှာဖွေစင်တင်ပေးနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် အာစင်ဝင်းဂါးအနေဖြင့် လက်ရုံးတစ်ဆူ ဆုံးရှုံးရခြင်းဖြစ်ကြောင်းနှင့် အာဆင်နယ်အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်ရန် ကြံရွယ်နေသည့် အမှုဆောင်ချုပ် ဂါဇီဒစ်အတွက်မူ ကျေနပ်ဖွယ်အခြေအနေဖြစ်ကြောင်းလည်း နီးစပ်သူတချို့က သုံးသပ်လျက်ရှိသည်။

စတိဗ်ရိုလေးသည် အခြားအသင်းများမှ သူ၏ လုပ်ဖော်ကိုင်ဖက်များအား အာဆင်နယ်အသင်းနှင့် လမ်းခွဲရန် သင့်တော်သည့်အချိန် ရောက်ပြီဟု ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent