လီဗာပူးလ်ကို မကိုင်တွယ်မီ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်း၏ ကမ်းလှမ်းခြင်းခံခဲ့ရကြောင်း ယာဂန်ကလော့ပ် ဖွင့်ဟ

လီဗာပူးလ်ကို မကိုင်တွယ်မီ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်း၏ ကမ်းလှမ်းခြင်းခံခဲ့ရကြောင်း ယာဂန်ကလော့ပ် ဖွင့်ဟ
Published 9 November 2017

Photo: Daily Mail

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းကို မကိုင်တွယ်မီ ၂၀၁၅ ခုနှစ်က ပရီးမီးယားလိဂ်အသင်းတစ်သင်း၏ ကမ်းလှမ်းမှုရရှိခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် နိုင်ငံတကာပွဲစဉ်များကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရပ်နားထားချိန် တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပရိသတ်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယာဂန်ကလော့ပ်က "လွန်ခဲ့တဲ့ ၂ နှစ်က လီဗာပူးလ်အပြင် အစဉ်အလာရှိတဲ့ အင်္ဂလိပ်အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအသင်းနဲ့ ကျွန်တော် ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရပါတယ်။ သူတို့ရဲ့ကစားဟန်ကို ကျွန်တော် သဘောမကျပါဘူး။ ဒါကြောင့် ငြင်းပယ်ခဲ့တာပါ" ဟုပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က ပရိသတ်များ၏ မေးခွန်းများစွာကို ဖြေကြားခဲ့ရာ၌ လီဗာပူးလ်အသင်း အမှတ်ပေးချန်ပီယံဆုနှင့် ကာလရှည်ဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရန်မှာမူ အမှတ်ပေးချန်ပီယံဆုထက် ပိုမိုခက်ခဲလိမ့်မည်ဟု ယူဆကြောင်းလည်း ဆိုခဲ့သည်။

Most Read

Most Recent