<

အာဆင်နယ်အသင်းနှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ဟာရီကိန်းပြန်လည်ပါဝင်မည်

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့်
ဟာရီကိန်း Photo: AFP

လာမည့်နိုဝင်ဘာလ (၁၈)ရက်၌ ကစားမည့် အာဆင်နယ်အသင်းနှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းပြန်လည်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဟာရီကိန်းသည် ပြီးခဲ့သည့်တစ်ပတ်၌ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး ဂျာမနီ၊ ဘရာဇီးလ်အသင်းတို့နှင့် ကစားမည့်အင်္ဂလန်အသင်း၏ ခြေစမ်းပွဲစဉ်များကို
လွဲချော်ခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက Brave New World ဟုအမည်ပေးထားသည့်
၎င်း၏ စပါးအသင်းနည်းပြဘ၀အကြောင်းအရာများပါဝင်သည့် စာအုပ်မိတ်ဆက်ပွဲတွင်
ဟာရီကိန်းပြန်ကစားနိုင်မည့်အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းခြစ်သည်။
” နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဟာရီကိန်း ဒူးကို ကန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ သူကစားနိုင်ပါလိမ့်မယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ဟာရီကိန်းသည် အာဆင်နယ်အသင်းနှင့် ကစားခဲ့သည့် နောက်ဆုံး (၆)ပွဲတွင်
(၆)ဂိုးသွင်းယူထားသည်။

November 9, 2017














Copy Protected by Chetan's WP-Copyprotect.