ဂျော်ဂျင်ဟိုကို ရွေးချယ်ထား၍ အီတလီကစားကွက် ပြောင်းလဲဖွယ်ရှိ

ဂျော်ဂျင်ဟိုကို ရွေးချယ်ထား၍ အီတလီကစားကွက် ပြောင်းလဲဖွယ်ရှိ
Published 8 November 2017

Photo: Zimbio

အီတလီအသင်းသည် လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပွဲများအတွက် နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ရွေးချယ်ထားရာ အသင်း၏ကစားကွက်ကို ပြောင်းလဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အီတလီနည်းပြ ဗန်ကျူရာက ဂျော်ဂျင်ဟိုမှာ မိမိ၏ ၄-၂-၄ ကစားကွက်နှင့်ကိုက်ညီခြင်းမရှိဟု ပြောကြားခဲ့ဖူးပြီး သူ၏လက်ထက်တွင် ဂျော်ဂျင်ဟိုကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဗန်ကျူရာမှာ အီတလီအသင်းအား ၄-၃-၃ သို့မဟုတ် ၃-၅-၂ ကစားကွက်ပြောင်းလဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အီတလီအသင်းသည် လာမည့် နိုဝင်ဘာ (၁၀)ရက်နှင့် (၁၃)ရက်တို့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပွဲအဖြစ် ဆွီဒင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ပထမအကျော့ကို ဆွီဒင်မြေတွင် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent