အဲဗာတန်နည်းပြသစ်အဖြစ် ဆမ်အလာဒိုက်ကို ယခုတစ်ပတ်အတွင်း ခန့်အပ်ဖွယ်ရှိ

အဲဗာတန်နည်းပြသစ်အဖြစ် ဆမ်အလာဒိုက်ကို ယခုတစ်ပတ်အတွင်း ခန့်အပ်ဖွယ်ရှိ
Published 8 November 2017

Photo: belfasttelegraph

အဲဗာတန်အသင်းသည် အသင်းနည်းပြသစ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဆမ်အလာဒိုက်ကို ယခုတစ်ပတ်အတွင်း ခန့်အပ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အဲဗာတန်အသင်းနှင့် ဆမ်အလာဒိုက်တို့သည် နိုဝင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုတစ်ပတ်အတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။

စာချုပ်သက်တမ်းမှာ ယခုရာသီကုန်အထိသာဖြစ်ပြီး အလာဒိုက်အနေဖြင့် တစ်ပတ်လုပ်ခ ပေါင် တစ်သိန်း ရရှိမည်ဖြစ်သည်။

အဲဗာတန်အသင်းသည် အစောပိုင်းက ဝက်ဖို့ဒ်နည်းပြ မာကိုဆေးလ်ဗားကို စိတ်ဝင်စားခဲ့ပြီးမှ နောက်ဆုံးတွင် အလာဒိုက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလာဒိုက်သည် ၎င်း၏လက်ထောက်အဖြစ် လက်စတာအသင်းနည်းပြဟောင်း ရှိတ်စပီးယားကို ခန့်အပ်သွားဖွယ်ရှိနေသည်။

Most Read

Most Recent