မန်စီးတီးအသင်း၏လူစာရင်းမှာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးဖြစ်နေ

မန်စီးတီးအသင်း၏လူစာရင်းမှာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးဖြစ်နေ
Published 7 November 2017

Photo:Gettyimages

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အနီးဆုံးပြိုင် ဘက် မန်ယူနှင့် စပါးအသင်းတို့ကို (၈)မှတ် ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေသည့် မန်စီးတီးအ သင်း၏ လူစာရင်းမှာ ကမ္ဘာပေါ်တွင် တန်ဖိုးအ ကြီးဆုံးဖြစ်နေကြောင်း CIES က ထုတ်ပြန်ခဲ့သည်။

CIESသည် ဘောလုံးလောကနှင့်ပတ် သက်သည့်အချက်အလက်များကို စောင့် ကြည့်လေ့လာမှုပြုလုပ်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတွင် အခြေ စိုက်တည်ထောင်ထားခြင်းဖြစ်သည်။

၎င်းတို့ က ဥရောပထိပ်တန်းလိဂ်(၅)ခုမှ ပြိုင်ပွဲဝင်အ သင်းများ၏ လူစာရင်းတန်ဖိုးကို တွက်ချက် ဖော်ပြခဲ့ရာ မန်စီးတီးအသင်းသည် ကမ္ဘာပေါ် တွင် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ် တည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

CIESသည် ကစားသမားများ၏ လက်ရှိခြေစွမ်းနှင့် ဈေးကွက်အနေအထားအပေါ် မူတည်ကာ တန်ဖိုးဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရှိရ သည်။

ထို့ကြောင့် မန်စီးတီးအသင်း၏လူစာရင်းမှာ တန်ဖိုးအကြီးဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသလို၊ စပါးတိုက်စစ်မှူး ဟာရီကိန်းမှာလည်း တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် သတ် မှတ်ခံခဲ့ရကြောင်း သိရှိရသည်။

CIES  က မန်စီးတီးအသင်း၏လူစာ ရင်းကို ပေါင်(၁.၀၆)ဘီလီယံဟု တန်ဖိုးဖြတ်ခဲ့ ပြီး စပါးအသင်းကို ပေါင်(၁.၀၄)ဘီလီယံဟု တန်ဖိုးဖြတ်ခဲ့သည်။

ဘာစီလိုနာအသင်းမှာ လည်း ပေါင်(၁)ဘီလီယံနှင့်အထက် တန် ကြေးရှိသည့်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရ သော်လည်း ရီးယဲလ်အသင်းမှာမူ ပေါင်(၇၉၈)သန်းဟုသာ သတ်မှတ်ခံခဲ့ရသည့်အတွက် ထိပ်ဆုံး(၅)သင်းစာရင်းပြင်ပသို့ ရောက်ရှိခဲ့ရ သည်။

ထိပ်ဆုံး(၅)သင်းစာရင်းတွင် မန်စီးတီး၊ စပါး၊ ဘာစီလိုနာတို့နှင့်အတူ ချယ်လ်ဆီးနှင့် မန်ယူတို့ ပါဝင်ခဲ့သည့်အတွက် ပရီးမီးယား လိဂ်အသင်းများ၏ အင်အားကြီးမားမှုကို မြင် သာစေခဲ့သလို၊ လီဗာပူးလ်အသင်းမှာလည်း အဆင့်(၇)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အာဆင်နယ်အသင်းက အဆင့်(၁၂)နေရာ တွင် ရပ်တည်ခဲ့ပြီး ဂျာမန်ထိပ်သီး ဘိုင်ယန် မြူးနစ်အသင်းမှာမူ ယခုစာရင်းတွင် အဆင့် (၁၃)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

လူစာရင်းတန်ဖိုးအကြီးဆုံးအသင်း(၁၀)သင်း

အသင်း တန်ဖိုး(ပေါင်)

မန်စီးတီး ၁.၀၆ ဘီလီယံ

စပါး ၁.၀၄ ဘီလီယံ

ဘာစီလိုနာ ၁ ဘီလီယံ

ချယ်လ်ဆီး ၉၂၃ သန်း

မန်ယူ ၈၁၃ သန်း

ရီးယဲလ် ၇၉၈ သန်း

လီဗာပူးလ် ၇၉၇ သန်း

PSG ၇၆၄ သန်း

အက်သလက်တီကို ၇၀၇ သန်း

ဂျူဗင်တပ်စ် ၆၅၇ သန်း

Most Read

Most Recent