မန်ယူတင်ရှိထားသည့် ထိပ်သီးလိဂ်များတွင်အဆိုးရွားဆုံး ရာသီအဖွင့်စံချိန်ကို ဘင်နီဗန်တိုအသင်း လိုက်မီ

မန်ယူတင်ရှိထားသည့် ထိပ်သီးလိဂ်များတွင်အဆိုးရွားဆုံး ရာသီအဖွင့်စံချိန်ကို ဘင်နီဗန်တိုအသင်း လိုက်မီ
Published 7 November 2017

Photo:ottopagine

စီးရီးအေတန်းတက် ဘင်နီဗန် တိုအသင်းသည် ပရီးမီးယားလိဂ်ထိပ် သီး မန်ယူအသင်းတင်ရှိထားသည့် ဥရောပထိပ်သီးလိဂ်များတွင် အဆိုး ရွားဆုံးရာသီအဖွင့်စံချိန်ကို လိုက်မီခဲ့ ကြောင်း သိရသည်။

မန်ယူအသင်းသည် ၁၉၃၀-၃၁ ရာသီက ရာသီအဖွင့်လိဂ်ပွဲ(၁၂)ပွဲ ဆက်ရှုံးနိမ့်ပြီး ဥရောပထိပ်သီးလိဂ် (၅)ခုတွင် အဆိုးရွားဆုံးရာသီအဖွင့်စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘင်နီဗန်တိုအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဂျူဗင်တပ်စ်အား ရှုံး နိမ့်ခဲ့ပြီးနောက် စီးရီးအေရာသီအဖွင့် (၁၂)ပွဲဆက်ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရကာ လွန်ခဲ့သည့် နှစ်ပေါင်း(၈၀)ကျော်က မန်ယူအသင်း၏စံချိန်ဆိုးကို လိုက်မီ ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယင်းရာသီက တန်းဆင်းခဲ့ရပြီး ဘင်နီဗန်တိုအသင်းမှာလည်း ယခုရာသီတွင် တန်းဆင်းရန် ရေပန်းစားလျက်ရှိသည်။

Most Read

Most Recent