နောက်ခံကစားသမားများစွာကို ဘာစီလိုနာအသင်း ပစ်မှတ်ထား

နောက်ခံကစားသမားများစွာကို ဘာစီလိုနာအသင်း ပစ်မှတ်ထား
Published 1 November 2017

Photo: Reuters

ဘာစီလိုနာအသင်းသည် အသင်း၏ခံစစ်ပိုင်းကို ပြုပြင်ပြောင်းလဲရန် အသေအချာစီစဉ်နေပြီး အထူးသဖြင့် ဗဟိုနောက်ခံလူသစ်များကို ခေါ်ယူရန်ပစ်မှတ်ထားနေလျက်ရှိသည်ဟု သိရသည်။

ဝါရင့်နောက်ခံလူ မာရှေရာနို အသင်းနှင့်လမ်းခွဲရန် တဖြည်းဖြည်းနီးစပ်လာပြီး ဗာမယ်လန်းမှာလည်း ဒဏ်ရာများနှင့်သာ နပန်းလုံးနေရသဖြင့် ခံစစ်ကိုအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း၏ပစ်မှတ်စာရင်းတွင် နာပိုလီအသင်းမှ ကူလီဘလီ၊ စပါးအသင်းမှ ဒါဗင်ဆန်ဆန်းချက်ဇ်၊ လာဇီယိုအသင်းမှ ဒီဗရိုင်း၊ အေဂျက်စ်အသင်းမှ ဒယ်လိတို့ ပါဝင်နေလျက်ရှိပြီး ဇန်နဝါရီတွင် အနည်းဆုံးတစ်ဦးကို ခေါ်ယူအားဖြည့်ဖွယ်ရှိနေသည်။

လက်ရှိတွင် ပါးလ်မီးရပ်စ်အသင်းမှ ကိုလံဘီယာလူငယ်နောက်ခံလူ မီနာကို ကမ္ဘာ့ဖလားအပြီးခေါ်ယူရန် သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

Most Read

Most Recent