ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းစာရင်းနှင့် လီဗာပူးလ်အသင်း လွဲချော်သွားနိုင်သည်ဟု ယာဂန်ကလော့ပ် ဝန်ခံ

ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းစာရင်းနှင့် လီဗာပူးလ်အသင်း လွဲချော်သွားနိုင်သည်ဟု ယာဂန်ကလော့ပ် ဝန်ခံ
Published 24 October 2017

Photo: Sportreview

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းစာရင်းနှင့် လွဲချော်သွားနိုင်သည်ဟု စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဝန်ခံပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က "ကျွန်တော်တို့ အခု ၁၉၆၄ နောက်ပိုင်း အဆိုးရွားဆုံးရလဒ်နဲ့အတူ အဆင့်(၉)နေရာကို ရောက်နေပါတယ်။ မယုံနိုင်စရာပါပဲ။ လောလောဆယ် ထိပ်ဆုံး(၄)သင်းဝင်ဖို့တောင် မပြောနိုင်အောင်ပါပဲ" ဟု ဆိုခဲ့သည်။

သို့သော် ယာဂန်ကလော့ပ်က ချန်ပီယံဆုအတွက် လက်လျှော့ပြီး ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန်သာ ပစ်မှတ်ထားကြိုးစားသွားရမည်ဟူ၍မူ မပြောနိုင်ကြောင်းနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဟုလည်း ဆိုခဲ့သည်။

သတင်းအချို့ကမူ ယာဂန်ကလော့ပ်သည် ဖိအားများ တိုးသထက်တိုးလာပြီး လီဗာပူးလ်အသင်းတာဝန်ရှိနေသူများကလည်း စောင့်ကြည့်နေပြီဖြစ်ကြောင်း၊ ယာဂန်ကလော့ပ်ကို ရာထူးမှ ထုတ်ပယ်၍ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း အန်ဆယ်လော့တီကို အစားထိုးခန့်အပ်သွားရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Most Read

Most Recent