လိဂ်ဖလားမှာ အချိန်ဖြုန်းမှုတစ်ခုဟု ကွန်တီ ဝေဖန်

လိဂ်ဖလားမှာ အချိန်ဖြုန်းမှုတစ်ခုဟု ကွန်တီ ဝေဖန်
Published 23 October 2017

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက လိဂ်ဖလားပြိုင်ပွဲသမိုင်းမှာ အချိန်ဖြုန်းမှုတစ်ခုသာဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ပြီး ယင်းပြိုင်ပွဲမှာ ယခုရာသီအတွင်း အရေးကြီးသည့်ပြိုင်ပွဲမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကွန်တီက လာမည့်ဗုဒ္ဒဟူးနေ့တွင် အဲဗာတန်အသင်းနှင့်ကစားမည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် လူငယ်အရံကစားသမားအချို့ကို စမ်းသပ်ပွဲထုတ်သွားမည်ဟုလည်း ဝန်ခံခဲ့သည်။

ချယ်လ်ဆီးအသင်းတွင် ဒဏ်ရာပြဿနာအချို့ရှိနေပြီး ကွန်တီက ဒရင့်ဝါတာ၊ ကွန်တေ၊ မိုဆက်စ်တို့မှာ ယင်းပွဲအတွက် အချိန်မီပြန်ကောင်းလာဖွယ်မရှိဟုလည်း မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent