(၆၅)နှစ်အတွင်း ဟတ်ဒါဖီးလ်ကို ပထမဆုံးရှုံးပွဲတွေ့ ပြီးနောက် မန်ယူကစားသမားများကို မော်ရင်ဟိုပြစ်တင်

(၆၅)နှစ်အတွင်း ဟတ်ဒါဖီးလ်ကို ပထမဆုံးရှုံးပွဲတွေ့ ပြီးနောက် မန်ယူကစားသမားများကို မော်ရင်ဟိုပြစ်တင်
Published 23 October 2017

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီး ယားလိဂ်ပွဲစဉ် ဟတ်ဒါဖီးလ်-မန်ယူပွဲတွင်
မန်ယူ အသင်းမှာ (၁-၂)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲမှာ ဟတ်ဒါဖီးလ်အသင်းအား
(၆၅)နှစ်အတွင်း ပထ မဆုံးရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း သည်
ယင်းပွဲတွင် တန်းတက် ဟတ်ဒါဖီးလ်အ သင်း၏(၂-ဝ)ဂိုးဖြင့်ဦးဆောင်မှုကို
ဒုတိယပိုင်း ပွဲချိန်(၇၈)မိနစ်အထိ ခံခဲ့ရပြီး လူစားဝင်လာသည့် တိုက်စစ်မှူး
ရပ်ရှ်ဖို့ဒ်က ချေပဂိုးတစ်ဂိုးသာ သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် မော်ရင်ဟိုက မန်ယူကစားသ မားများ၏ ခံယူချက်နှင့် ကြိုးစားမှုကို
ဝေဖန်ပြစ် တင်ခဲ့ပြီး ကစားသမားများ အနေဖြင့် ယင်းရှုံးပွဲနှင့်ပတ် သက်၍
မီဒီယာများကို သွား ရောက်ဖြေရှင်းရန် လိုအပ်သည် ဟု ပြောကြားခဲ့သည်။
တန်းတက် ဟတ်ဒါဖီးလ်အသင်းသည် ၁၉၅၁-၅၂ ဘောလုံးရာသီ
အင်္ဂလန်အမှတ်ပေး ပြိုင်ပွဲတွင် မန်ယူအသင်းကို (၃-၂)ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး
ယင်းနောက်ပိုင်းတွေ့ဆုံသောပွဲစဉ်များ ၌ နိုင်ပွဲမရရှိဘဲ ယခုပွဲမှသာ ပထမဆုံးပြန်လည်
အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

REF:Daily Mail
Photo:AFP

Most Read

Most Recent