ရှိတ်စပီးယားအား ထုတ်ပယ်ခဲ့သည့် လက်စတာအသင်း တူဟယ်လ်ကို ပစ်မှတ်ထားနေ

ရှိတ်စပီးယားအား ထုတ်ပယ်ခဲ့သည့် လက်စတာအသင်း တူဟယ်လ်ကို ပစ်မှတ်ထားနေ
Published 18 October 2017

 

ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းသည် နည်းပြ ရှိတ်စပီးယားကို ထုတ်ပယ်ခဲ့ပြီးနောက် ဒေါ့မွန်နည်းပြဟောင်း တူဟယ်လ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

လက်စတာအသင်းသည် ယခုရာသီတွင် နိုင်ပွဲတစ်ပွဲသာ ရရှိသေးသလို၊ အမှတ်ပေးဇယားတွင် အဆင့်(၁၈)၌ ရပ်တည်နေ၍ နည်းပြ ရှိတ်စပီးယားကို ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပယ်ခဲ့သည်။

ရှိတ်စပီးယားသည် ပြီးခဲ့သည့် ရာသီက အသင်းအား တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဇွန်လတွင် (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း နှစ်မကူးမီ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

လက်စတာအသင်းသည် လက်ထောက်နည်းပြ အက်ပလီတန်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ထားပြီး လာမည့် စနေနေ့တွင် ဆွမ်ဆီးအသင်းနှင့် ကစားရမည့်ပွဲကို ကိုင်တွယ်စေမည်ဖြစ်ကြောင်း သိရသည်။

လက်စတာအသင်း ပစ်မှတ်ထားနေသည့် ဒေါ့မွန်နည်းပြဟောင်း တူဟယ်လ် (Photo: ESPN)

လက်စတာအသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေသူမှာ ဒေါ့မွန်အသင်းနည်းပြဟောင်း တူဟယ်လ်ဖြစ်ကြောင်း လက်စတာအသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကာကာ ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent