နာပိုလီအသင်းကို လျှော့မတွက်ထားဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

နာပိုလီအသင်းကို လျှော့မတွက်ထားဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
Published 18 October 2017

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် နာပိုလီအသင်းအား လျှော့မတွက်ထားကြောင်း ပြောကြားသည်။

မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံ ကိုးပွဲ ဆက်တိုက် အနိုင်ရထားပြီး ဥရောပထိပ်တန်းလိဂ်များအနက် တိုက်စစ်အားအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေသလို နာပိုလီအသင်းကလည်း စီးရီးအေပြိုင်ပွဲတွင် ရာသီအစ ရှစ်ပွဲဆက်တိုက် နိုင်ပွဲရထားသည်။

Photo: Sky Sports

သို့ဖြစ်ရာ ဂွါဒီယိုလာက "တနင်္လာနဲ့ အင်္ဂါနေ့မှာ ပြိုင်ဘက် (နာပိုလီအသင်း)က ပွဲတစ်ပွဲကို ဘယ်လိုကောင်းကောင်းကစားတတ်လဲဆိုတာ ကျွန်တော့်ကစားသမားတွေကို သင်ကြားပြသပေးသွားမှာပါ။ ရှက်တာဒိုးနက်နဲ့ပွဲတုန်းကလည်း ပြိုင်ဘက်က ဘယ်လိုပုံစံကောင်းတယ်ဆိုတာ ပြသခဲ့ပါတယ်။ အခုကစားရမယ့်အသင်းက ရှက်တာရဲ့ကစားပုံနဲ့ တော်တော်လေးဆင်တူပြီး ကွဲပြားခြားနားမှုက သူတို့က ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ပုံစံနဲ့ အနိုင်ယူတတ်တာပါ။ ဒီလိုပွဲမျိုးတွေကစားခွင့်ရတာ ပျော်ရွှင်ပါတယ်"ဟု ဆိုသည်။

Most Read

Most Recent