ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off အဆင့်တွင် အီတလီအသင်း ဆွီဒင်နှင့်ပွဲကျပ်တွေ့

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off အဆင့်တွင် အီတလီအသင်း ဆွီဒင်နှင့်ပွဲကျပ်တွေ့
Published 18 October 2017

 

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off အဆင့် ပွဲစဉ်ရေးဆွဲပွဲကို FIFA ရုံး စိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ စပိန်ဂန္ထဝင် နောက်ခံလူ ဖာနန်ဒိုဟီယာရိုက Play-off ပွဲစဉ် များကို မဲနှိုက်ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

Play-off အဆင့်တွင် ဥရောပဇုန် အုပ်စု ကိုးခုမှ ဒုတိယရကိုးသင်းအနက် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအသင်းဖြစ်သည့် ဆလိုဗက်ကီးယားအသင်းမှာ အလိုအလျောက်အရေးနိမ့်သွားခဲ့ပြီး ကျန်ရှစ်သင်းကို ဆီဒင်ထိပ်ဆုံး လေးသင်းနှင့် အခြားလေးသင်းသတ်မှတ်ကာ ပွဲစဉ်ရေးဆွဲခဲ့သည်။

ဆီဒင်ကို အောက်တိုဘာ ၁၆ ရက်ကထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်အရ သတ်မှတ်ခဲ့ပြီး ဆီဒင်ထိပ်ဆုံးလေးသင်းတွင် ဆွစ်ဇာလန်၊ အီတလီ၊ ခရိုအေးရှားနှင့် ဒိန်းမတ်၊ အခြားလေးသင်းတွင် မြောက်အိုင်ယာလန်၊ ဆွီဒင်၊ အိုင်ယာလန်၊ ဂရိအသင်းများ ပါဝင်ခဲ့ကြသည်။

Play-off ပွဲစဉ်များတွင် ကမ္ဘာ့ဖလားလေးကြိမ်ချန်ပီယံ အီတလီအသင်းမှာ ဆီဒင်နိမ့်လေးသင်းထဲမှ ခြေစွမ်းအကောင်းဆုံးဟု သတ်မှတ်နိုင်သည့် ဆွီဒင်အသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။ အီတလီအသင်းသည် ဆွီဒင်အသင်းနှင့် ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု ငါးပွဲတွင် လေးပွဲနိုင်၊ တစ် ပွဲသရေဖြင့် အပြတ်အသတ်အသာစီးရထား သော်လည်း နိုင်ပွဲလေးပွဲစလုံးမှာ တစ်ဂိုးအသာ ဖြင့်သာ အနိုင်ရရှိခဲ့သည်။

"အလွန်ခက်ခဲမယ့် ပွဲစဉ်နှစ်ပွဲပါပဲ။ တခြားတိုင်းပြည်တွေလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ အခုအခြေအနေအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခုကစပြီး အလုပ်စလုပ်ရပါတော့မယ်"ဟု ဆွီဒင်အသင်းနည်းပြ ယန်းအန်ဒါဆန်က မဲခွဲပွဲအပြီး ပြောကြားခဲ့သည်။

Photo: Fifa Twitter

ဥရောပဇုန် Play-off အဆင့် ပထမအကျော့ပွဲစဉ်များကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက် အကြား၊ ဒုတိယအကျော့ပွဲစဉ်များကို နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အကြား အသီးသီးယှဉ် ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent