ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)(ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)(ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Published 17 October 2017

Photo:AFP

■ စပါးတပ်မော်စကို နှင့် ဆီဗီလာ ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

စပါးတပ်မော်စကိုက အိမ်ကွင်းမှာ လီဗာပူးလ်ကို သရေကစားနိုင်ခဲ့ပြီး၊ ဆီဗီလာက လီဗာပူးလ်ကွင်းမှာ သရေကစားထားတယ်။ စပါးတပ်မော်စကိုရဲ့အိမ်ကွင်းရလဒ်ကို လျှော့မ တွက်သင့်ပေမယ့် ဆီဗီလာအသင်းကိုတော့ အနိုင်ရဖို့မလွယ် ဘူး။ ဆီဗီလာရဲ့ခံစစ်က အကောင်းဆုံးပုံစံမှာရှိနေပြီး တိုက် စစ်ပိုင်းကလည်း အားကောင်းတာတွေ့ရတယ်။ စပါးတပ်အိမ် ကွင်းဆိုပေမယ့် ဆီဗီလာပဲ အသာရမှာဖြစ်ပြီး အနိမ့်ဆုံးသရေ ကစားသွားလိမ့်မယ်။

■ မာရီဘော နှင့် လီဗာပူးလ် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်အဝေးကွင်းရလဒ်တွေက သိပ် အကောင်းကြီးမဟုတ်ဘူး။ ဒါပေမဲ့ စပါးတပ်မော်စကို၊ ဆီဗီလာ တို့နဲ့ ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ပုံစံကောင်းပြနိုင်ခဲ့တာကိုတွေ့ ရပါတယ်။ နှစ်ပွဲစလုံး အသာစီးကကစားနိုင်ခဲ့ပြီး၊ ကံမကောင်း လို့ သရေကျခဲ့တာပါ။ ဒီပွဲတော့ လီဗာပူးလ် သရေအကျခံတော့ မှာမဟုတ်ဘူး။ မဖြစ်မနေအနိုင်ကစားမှာဖြစ်ပြီး၊ အနိုင်ရဖို့အ တွက်လည်း လုံလောက်တဲ့အနေအထားမှာ ရှိပါတယ်။ လီဗာ ပူးလ် ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲကို ရရှိလိမ့်မယ်။

■ မန်စီးတီး နှင့် နာပိုလီ ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

နှစ်သင်းစလုံးက အကောင်းဆုံးပုံစံပြနေတဲ့အသင်းတွေ ဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ မန်စီးတီးရဲ့ရလဒ်တွေက ပိုကောင်း နေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အတွေ့အကြုံ ရင့်အသင်းတစ်သင်းဖြစ်တဲ့ နာပိုလီကိုလွယ်လွယ်နိုင်ဖို့မရှိပါဘူး။ အနိုင်ရသင့်ပေမယ့် သရေကျသွားရင်အံ့သြစရာမရှိဘူး။

■ ဖီယင်နု နှင့် ရှက်တာဒိုးနက် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

ဖီယင်နုက ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းပါ။ မန်စီးတီးကိုရော၊ နာပိုလီကိုပါ ဂိုးပြတ်ရှုံးထားတယ်။ ရှက်တာဒိုးနက်ကတော့ မန်စီးတီးကိုရှုံးပြီး နာပိုလီကို အနိုင်ကစားထားတာတွေ့ရတယ်။ ရှက်တာဒိုးနက်က ဖီယင်နုထက် ပိုကောင်းတဲ့အသင်းဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အပြတ်အသတ်သာနေတာမျိုးမဟုတ်ဘူး။ ဖီယင်နုအားနည်းတာမှန်ပေမယ့် အိမ်ကွင်း မှာတော့ နာပိုလီနဲ့ ရှက်တာဒိုးနက်တို့ကို ဒုက္ခပေးမှာပါ။ ရှက်တာဒိုးနက် သရေလောက်ပဲရမယ်။

■ မိုနာကို နှင့် ဘက်ဆစ်တက် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

မိုနာကိုရဲ့ ဒီရာသီချန်ပီယံလိဂ်ခြေစွမ်းနဲ့ ရလဒ်ပိုင်းက စိတ်ပျက်စရာပါ။ အဓိကçကစားသမားတချို့ ထွက်သွားတာ ကြောင့် ခြေစွမ်းသိသိသာသာ ကျဆင်းသွားတယ်ဆိုတာထက် အရှိန်အဝါ လျော့ကျသွားတယ်လို့ ပြောရမယ်။ အသင်းကြီး တစ်သင်းအဖြစ် မမြင်တော့ဘူး။ ဘက်ဆစ်တက်က လိုက်ပ်ဇစ် ကို အိမ်ကွင်း၊ ပေါ်တိုကို အဝေးကွင်းတွေမှာ အနိုင်ကစားခဲ့ပါ တယ်။ ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ များသွားပြီ။ ဒါပေမဲ့ ဒီပွဲမှာတော့ မိုနာကို နိုင်ပွဲပြန်ရှာပါလိမ့်မယ်။

■ လိုက်ပ်ဇစ် နှင့် ပေါ်တို ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

ပေါ်တိုရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲရလဒ်တွေက အံ့သြစရာပါ။ အိမ်ကွင်းမှာ ဘက်ဆစ်တက်ကို ဂိုးပြတ်ရှုံးခဲ့ပြီး၊ အဝေးကွင်းမှာ မိုနာကိုçကို ဂိုးပြတ်ပြတ်နိုင်ခဲ့တယ်။ မှန်းရခက်တယ်ဆိုပေမယ့် အသင်းကြီးတစ်သင်းဆိုတာတော့ သေချာတယ်။ လိုက်ပ်ဇစ် ထက် အတွေ့အကြုံများတယ်။ လိုက်ပ်ဇစ်ကွင်းဖြစ်နေလို့ နိုင်ဖို့မလွယ်ဘူး။ သရေကျဖို့ များပါတယ်။

■ အပိုးလ်နီကိုးရှား နှင့် ဒေါ့မွန် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

ရီးယဲလ်နဲ့ စပါးဆုံတွေ့နေတဲ့အချိန်မှာ ဒေါ့မွန်က အပိုးလ် နီကိုးရှားဆီကနေ နှစ်ကျော့စလုံးနိုင်ပြီး (၆)မှတ်စလုံး ယူနိုင်ဖို့ လိုပါတယ်။ ရီးယဲလ်နဲ့ စပါးတို့ကလည်း ဒီအသင်းဆီကနေ (၆) မှတ်ယူကြမှာဖြစ်တယ်။ ဒေါ့မွန်အနေနဲ့ နောက်တစ်ဆင့်တက် ချင်ရင် ဂိုးတွေရသလောက်သွင်းရဖို့ပါ တွေးထားရမှာဖြစ်ပြီး ဂိုး ပြတ်နိုင်ဖို့လည်း များပါတယ်။

■ ရီးယဲလ်မက်ဒရစ် နှင့် စပါး ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ နံနက် ၁း၁၅)

လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း၊ နောက်ဆုံး (၄)နှစ်မှာ (၃)ကြိမ်ဗိုလ်စွဲထားတဲ့အသင်း၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး နှစ်ကြိမ်ဆက် ချန်ပီယံအသင်းနဲ့ ရင် ဆိုင်ရတော့မှာဖြစ်ပါတယ်။ လူစာရင်းကွာခြားသလို၊ အဆင့်အတန်း၊ အရှိန်အဝါ၊ အတွေ့အကြုံလည်း ကွာခြားပါတယ်။ စပါး အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းမှာ သရေတစ်မှတ်ယူနိုင်ခဲ့ရင် အုပ်စုက တက်ဖို့ မျှော်လင့်ချက် ပိုအားကောင်း လာပါလိမ့်မယ်။ စပါးရဲ့လက်ရှိရလဒ်ပိုင်းက အကောင်းဆုံးအနေအထားမှာ ရှိသလို၊ အသင်းလိုက်ဟန်ချက်ကလည်း အ ကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ အမှတ်ပေးပွဲရလဒ်တွေက ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်နိုင်စွမ်းရှိတာကိုလည်း တွေ့ ရတယ်။ လက်ရှိအချိန်မှာလည်း အုပ်စုတွင်းမှာ ရီးယဲလ်မက်ဒရစ်နဲ့အတူ နှစ်ပွဲစလုံးနိုင်၊ သွင်းဂိုး၊ ပေးဂိုးတူ အနေအထားမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ စပါးအတွက် စိုးရိမ်စရာကောင်းတာက ရီးယဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ရလဒ်တွေနဲ့ ခြေစွမ်းပါပဲ။ နောက်တစ်ချက်က ဘယ်လိုပြိုင်ဘက်အသင်းမျိုးဖြစ်နေပါစေ ဘာနေဗျူးမှာ အမှတ်ယူပြီး ပြန်သွားဖို့ဆိုတာ တော်တော် ခက်ပါတယ်။ စပါးအနေနဲ့လည်း ဒီအခြေအနေကို ကျော်လွန်နိုင်ဖို့မလွယ်ဘူး။ စပါးကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ ဂါရတ် ဘေးလ်နဲ့ မိုဒရစ်တို့က အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်ပြီး ဘေးလ်ကတော့ ကစားနိုင်ဖို့မသေချာပါဘူး။ ဒါပေမဲ့ ရီးယဲလ် မက်ဒရစ်နိုင်ဖို့အတွက်ကတော့ ရာနှုန်းပြည့်သေချာပါတယ်။

Most Read

Most Recent