ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်ပွဲများတွင် ဂိုးကံခေနေခြင်းကို မစိုးရိမ်ဟု လူကာကူ ဆို

ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်ပွဲများတွင် ဂိုးကံခေနေခြင်းကို မစိုးရိမ်ဟု လူကာကူ ဆို
Published 17 October 2017

Photo: PA

မန်ယူအသင်း၏တိုက်စစ်မှူး လူကာကူက ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်ပွဲများတွင် ဂိုးကံခေနေခြင်းကို မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

လူကာကူသည် အဲဗာတန်တိုက်စစ်မှူးအဖြစ် ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်ကစားစဉ်ကတည်းက ထိပ်သီးပြိုင်ဘက်များကို ဂိုးသွင်းယူနိုင်ခြင်း နည်းပါးခဲ့သည်။

ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းဟု သတ်မှတ်ထားသည့် အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူ၊ စပါးအသင်းတို့နှင့် (၅၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၁၅)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခု မန်ယူအသင်းသို့ ရောက်ရှိပြီး ရှေ့ပွဲစဉ်များ၌ ခြေစွမ်းပြဂိုးများ သွင်းယူနိုင်ခဲ့သေ်ာလည်း လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် လူကာကူက "အဲဗာတန်အသင်းမှာတုန်းက အခြေအနေနဲ့ အခုအခြေအနေ မတူညီပါဘူး။ အဲဗာတန်အသင်းမှာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နိုင်ပွဲရဖို့ဦးတည်ပြီး မကစားရတာတွေ ရှိပါတယ်။ လက်ရှိအသင်းကတော့ နိုင်ပွဲရဖို့ ဦးတည်ကစားနေရတဲ့အသင်းပါ။ ဒါကြောင့် မကြာခင်မှာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခွင့်အရေးတွေကို ကျွန်တော့်ထက် ဖြုန်းတီးပစ်ခဲ့တဲ့ တိုက်စစ်မှူးတွေလည်း အများကြီးပါပဲ။ ကျွန်တော်က ပိုပြီးအပြစ်တင်ခံနေရတာပါ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ့်ကို ဖိအားမပေးတတ်ပါဘူး။ ရီးယဲလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားပွဲမှာ အားလုံးရဲ့စောင့်ကြည့်ခံရပြီး ဖိအားအကြီးဆုံးနဲ့ ရင်ဆိုင်ခဲ့ရပြီးကတည်းက ကျွန်တော် ဖိအားတွေအောက်က လွတ်မြောက်သွားပါပြီ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent