ညဘက်ခိုးထွက်သည့် အီကွေဒေါကစားသမားငါးဦးအား လက်ရွေးစင်အဖြစ်မှ ဆိုင်းငံ့

ညဘက်ခိုးထွက်သည့် အီကွေဒေါကစားသမားငါးဦးအား လက်ရွေးစင်အဖြစ်မှ ဆိုင်းငံ့
Published 14 October 2017

အာဂျင်တီးနားနှင့်ပွဲအပြီးတွေ့ရသည့် အီကွေဒေါအသင်းသားများ(Photo:AFP)

အီကွေဒေါဘောလုံးအဖွဲ့ချုပ်(FEF)သည် အာဂျင်တီးနားအသင်းနှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ စည်းကမ်းချိုးဖောက်၍ ညဘက်ခိုးထွက်သည့် ကစားသမားငါးဦးကို လက်ရွေးစင်အဖြစ်မှ ဆိုင်းငံ့ထားကြောင်း သိရသည်။

ယင်းကစားသမားငါးဦးသည် အောက်တိုဘာ ၆ ရက် ညပိုင်းက လေ့ကျင့်ရေးစခန်းအပြင်ဘက်သို့ ခိုးထွက်၍ အလည်အပတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းတို့အားလုံးကို လက်ရွေးစင်အသင်းနှင့်ပတ်သက်သည့် ဆောင်ရွက်မှု များအားလုံးတွင် ပူးပေါင်းပါဝင်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

FEF က ယင်းဖြစ်စဉ်တွင်ပါဝင်သူများ၏ အမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း အီကွေဒေါအခြေစိုက် El Comercio သတင်းဌာန၏ဖော်ပြချက် အရ နောက်ခံလူ အာဘိုလီဒါ၊ ကွင်းလယ်လူ အိုရီဂျူလာ၊ ဂါဘရီယဲလ်ကော်တက်ဇ်၊ တိုက်စစ်မှူး အန်နာဗလင်စီယာ နှင့် ယာအိုပလာတာတို့ဖြစ်ကြောင်း သိရသည်။

အီကွေ ဒေါအသင်းသည် အာဂျင်တီးနားနှင့်ကစားခဲ့သည့် အုပ်စု နောက်ဆုံးပွဲတွင် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း မက်ဆီ၏ဟက်ထရစ်ဂိုးကြောင့် အိမ်ကွင်း၌ (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ပြီး အဆင့် (၈) နေရာသာ ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent