ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့သည့်အတွက် စကော့တလန်အသင်းနည်းပြ စထရာချန် ရာထူးမှ ထုတ်ပယ်ခံရ

ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့သည့်အတွက် စကော့တလန်အသင်းနည်းပြ စထရာချန် ရာထူးမှ ထုတ်ပယ်ခံရ
Published 14 October 2017

စကော့တလန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်စေရန် မစွမ်းဆောင်ခဲ့သည့်အတွက် နည်းပြဂေါ်ဒွန်စထရာချန်အား ရာထူးမှ ထုတ်
ပယ်လိုက်ကြောင်း သိရသည်။ ဂေါ်ဒွန်စထရာချန်နှင့်အတူ ၎င်း၏လက်ထောက်ဖြစ်သူ မာ့ခ်
မက်ဂီးမှာလည်း တစ်ပါတည်းထုတ်ပယ်ခံခဲ့ရကြောင်း စကော့တလန်ဘောလုံးအဖွဲ့ချုပ်က
ထုတ်ပြန်ခဲ့သည်။

စကော့တလန်အသင်းသည် ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားနှင့်ကစားခဲ့သော
ပွဲတွင် (၂)ဂိုးစီသရေကျခဲ့ပြီး အုပ်စုတတိယနေရာသာ ရရှိခဲ့သဖြင့် ၁၉၉၈ နောက်ပိုင်း ပထမဆုံး
အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။ အသက်(၆၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဆဲလ်တစ်နည်းပြ
ဟောင်း ဂေါ်ဒွန်စထရာချန်သည် စကော့တလန်အသင်းကို ၂၀၁၃ ခုနှစ်မှ စတင်ကိုင်တွယ်ခဲ့ပြီး
(၄)နှစ်ကြာ ကိုင်တွယ်ခဲ့သည်။ ဂေါ်ဒွန်စထရာချန်လက်ထက်တွင် စကော့တလန်အသင်းမှာ
ပွဲ(၄၀)ကစားရာ၌ (၁၉)ပွဲနိုင်၊ (၉)ပွဲသရေကျကာ (၁၂)ပွဲရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

REF:Daily Mail

Most Read

Most Recent