စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဂွါဒီယိုလာ၊ ဟာရီကိန်းနှင့် ဗလင်စီယာတို့ဆွတ်ခူး

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဂွါဒီယိုလာ၊ ဟာရီကိန်းနှင့် ဗလင်စီယာတို့ဆွတ်ခူး
Published 13 October 2017

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ စပါးအသင်းတိုက်စစ်မှူး
ဟာရီကိန်းနှင့် မန်ယူနောက်ခံလူ ဗလင်စီယာတို့သည် စက်တင်ဘာလ
အတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ဆွတ်ခူး
ခဲ့ကြောင်းသိရသည်။

မန်စီးတီးအသင်းသည် စက်တင်ဘာလအတွင်း ကစားခဲ့သော
ပရီးမီးယားလိဂ်ပွဲများတွင် လီဗာပူးလ်၊ ပဲလေ့စ်တို့ကို (၅)ဂိုးဖြင့်
လည်းကောင်း၊ ဝက်ဖို့ဒ်အသင်းကို (၆)ဂိုးပြတ်ဖြင့်လည်းကောင်း၊
ချယ်လ်ဆီးအသင်းကို (၁-ဝ)ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့ပြီး
(၄)ပွဲကစားရာ၌ (၁၇)ဂိုးအထိ သွင်းယူခဲ့သည်။ ဂွါဒီယိုလာသည်
လက်ရှိအချိန်တွင် မန်စီးတီးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံး
နေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားပြီး စက်တင်ဘာလ
အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ခြင်း
ဖြစ်သည်။

စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းမှာ ပြီး
ခဲ့သည့်စက်တင်ဘာလအတွင်း အဲဗာတန်၊ ဝက်စ်ဟမ်း၊ ဟတ်ဒါဖီးလ်
တို့ကို အနိုင်ရခဲ့သည့်ပွဲများတွင် စုစုပေါင်း(၆)ဂိုးအထိသွင်းယူခဲ့၍
ယင်းလအတွက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းလည်း
ဖြစ်သည်။ စက်တင်ဘာလ၏ အကောင်းဆုံးသွင်းဂိုးအဖြစ် အဲဗာတန်နှင့်
ပွဲတွင် သွင်းယူခဲ့သည့် မန်ယူနောက်ခံလူ ဗလင်စီယာ၏ ဂိုးမှာ ရွေးချယ်
ခံခဲ့ရကြောင်းသိရသည်။

 

REF&Photo:Goal.com

Most Read

Most Recent