မက်ဆီကို စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)အထိပေးရန် ဘာစီလိုနာအသင်း စီစဉ်

မက်ဆီကို စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)အထိပေးရန် ဘာစီလိုနာအသင်း စီစဉ်
Published 13 October 2017

Photo: Getty Images

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ရန်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် မက်ဆီကို တစ်ပတ်လစာငွေ ပေါင်(၅)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပေ။

မက်ဆီသည် ကတ်တလန်ခွဲထွက်ရေးပြဿနာ၊ အခွန်ငွေပြဿနာများကြောင့် ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးရန် နှောင့်နှေးနေခြင်းဖြစ်ပြီး ယင်းအခြေအနေကို ပြိုင်ဘက်များက အခွင့်အရေးယူရန် ပြင်ဆင်လာကြောင်းလည်း သိရှိရသည်။

မန်စီးတီးအသင်းသည် မကြာမီက မက်ဆီကို လျော်ကြေးစာချုပ်အတိုင်း ပေါင်(၃၈၅)သန်းပေး၍ ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဘာစီလိုနာအသင်းက ယခုကဲ့သို့ ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်လာခြင်းလည်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် မက်ဆီအတွက် ငွေကြေးသုံးစွဲမှုပြုလုပ်ရန် ကွင်းအမည်ကို ရောင်းချ၍ ငွေရှာသွားရန် စီစဉ်နေကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent