UEFA Nations League ပြိုင်ပွဲအတွက် လိဂ်(၄)ခုတွင် ပါဝင်မည့်အသင်းများကို အတည်ပြု

UEFA Nations League ပြိုင်ပွဲအတွက် လိဂ်(၄)ခုတွင် ပါဝင်မည့်အသင်းများကို အတည်ပြု
Published 12 October 2017

Photo: UEFA

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် လက်ရွေးစင်အသင်းများအတွက် UEFA Nations League ဟူသည့်ပြိုင်ပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး လိဂ်(၄)ခုတွင် ပါဝင်မည့်အသင်းများကို အတည်ပြုလိုက်ကြောင်း သိရှိရသည်။

UEFA သည် လက်ရွေးစင်အသင်းများအနေဖြင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းထက် ပို၍အကျိုးရှိစေရန် ရည်ရွယ်ပြီး ယခုပြိုင်ပွဲကို ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

UEFA သည် အဖွဲ့ဝင်(၅၅)နိုင်ငံအား ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး အဆင့်သတ်မှတ်ချက်အပေါ်မူတည်၍ လိဂ်(၄)ခုခွဲခြားခဲ့ခြင်းဖြစ်ပြီး လိဂ်တစ်ခုစီမှ ချန်ပီယံတစ်သင်းစီမှာ ယူရို-၂၀၂၀ ပြိုင်ပွဲကို ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: UEFA

လိဂ်(၄)ခုမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် ခြားနားမှုများရှိသော်လည်း အုပ်စု(၄)ခုစီ ပါဝင်မည်ဖြစ်ပြီး အုပ်စုဗိုလ်တစ်သင်းစီက လိဂ်အလိုက် Play-offs ပွဲစဉ်များယှဉ်ပြိုင်ကစားကာ နောက်ဆုံးဗိုလ်စွဲသည့်အသင်းများ ယူရို-၂၀၂၀ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

UEFA Nations League ပြိုင်ပွဲ၏ ချန်ပီယံကိုမူ လိဂ်(A)မှ ဗိုလ်စွဲသည့်အသင်းကို သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် ၂၀၂၀ ခုနှစ် ပြိုင်ပွဲ၌ အဆင့်သတ်မှတ်ချက်ဖြင့် ထပ်မံခွဲခြားတော့မည်မဟုတ်ဘဲ ယခုပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့်ရလဒ်အရ လိဂ်(၄)ခုကို တန်းဆင်းတန်းတက်ပုံစံဖြင့် ခွဲခြားသွားမည်ဖြစ်သည်။

လိဂ်(A)မှ အုပ်စုအောက်ဆုံး(၄)သင်း လိဂ်(B)သို့ တန်းဆင်းရမည်ဖြစ်ပြီး လိဂ်(B)မှ ထိပ်ဆုံး(၄)သင်း လိဂ်(A)သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ကျန်လိဂ်များကိုလည်း ယင်းအတိုင်းပင် (၄)သင်းဆင်း၊ (၄)သင်းတက်ပုံစံဖြင့် ခွဲခြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

UEFA Nations Leauge ပြိုင်ပွဲအတွက် အုပ်စုခွဲခြားမှုများကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

League(A) တွင် ပါဝင်သည့်အသင်းများ -
ဂျာမနီ၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ အိုက်စလန်၊ ခရိုအေးရှား၊ နယ်သာလန်

League (B) တွင် ပါဝင်သည့်အသင်းများ -
သြစတြီးယား၊ ဝေးလ်စ်၊ ရုရှား၊ ဆလိုဗက်ကီးယား၊ ဆွီဒင်၊ ယူကရိန်း၊ အိုင်ယာလန်၊ ဘော့စနီးယား၊ မြောက်အိုင်ယာလန်၊ ဒိန်းမတ်၊ ချက်၊ တူရကီ

League (C) တွင် ပါဝင်သည့်အသင်းများ -
ဟန်ဂေရီ၊ ရိုမေးနီးယား၊ စကော့တလန်၊ ဆလိုဗေးနီးယး၊ ဂရိ၊ ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ နော်ဝေ၊ မွန်တီနီဂရိုး၊ အစ္စရေး၊ ဘူလ်ဂေးရီးယား၊ ဖင်လန်၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယား

League (D) တွင် ပါဝင်သည့်အသင်းများ -
အဇာဘိုင်ဂျန်၊ မက်ဆီဒိုးနီးယား၊ ဘီလာရုစ်၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ လတ်ဗီးယား၊ ဖာရိုးကျွန်းစုများ၊ လူဇင်ဘတ်၊ ကာဇက်စတန်၊ မော်လ်ဒိုဗာ၊ လက်ချင်စတိန်း၊ မော်လ်တာ၊ အန်ဒိုရာ၊ ကိုဆိုဗို၊ ဆန်မာရီနို၊ ဂျီဘရော်လ်တာ

Most Read

Most Recent