ရိုးမားနှင့် နာပိုလီပွဲကို မူလပွဲချိန်အတိုင်း ကစားမည်

Photo: AFP

လာမည့်စနေနေ့ အီတလီစံတော်ချိန် ည(၈း၄၅)နာရီတွင် ကစားရန်စီစဉ်ထားသည့် ရိုးမားနှင့် နာပိုလီပွဲကို မူလပွဲချိန်အတိုင်း ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲကို အချိန်ရှေ့စော၍ အီတလီစံတော်ချိန် ည(၆) နာရီတွင်ကစားရန် တောင်းဆိုမှုများရှိခဲ့သော်လည်း စီးရီးအေလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်က ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းပွဲကို နေပယ်မြို့အခြေစိုက် နာပိုလီအသင်းပရိသတ်များ ကြည့်ရှု ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ စီးရီးအေ(၇)ပွဲ ကစားပြီးချိန်တွင် နာပိုလီအသင်းက ရာနှုန်းပြည့်အနိုင်ရထားပြီး အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

ရိုးမားနှင့် နာပိုလီအသင်းတို့၏ ပွဲကို မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် (၁း၁၅)တွင် ကစားမည်ဖြစ်သည်။