မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကို နည်းပြခန့်အပ်ရန် အိုးလ်ဟမ်းအသင်း ဆွေးနွေးနေ

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကို နည်းပြခန့်အပ်ရန် အိုးလ်ဟမ်းအသင်း ဆွေးနွေးနေ
Published 12 October 2017

 

အင်္ဂလန်တတိယတန်းကလပ် အိုးလ်ဟမ်းအသင်းသည် မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကို နည်းပြအဖြစ်ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အသက် (၄၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ပေါလ်စခိုးလ်သည် အိုးလ်ဟမ်းအသင်း၏ ကာလရှည်ပရိသတ်တစ်ဦးဖြစ်ပြီး ယခုအခါ ပေါလ်စခိုးလ်ကို နည်းပြအဖြစ်ခန့်အပ်ရန် ဆွေးနွေးနေခြင်းကို အိုးလ်ဟမ်းအသင်းက အတည်ပြုကြေညာခဲ့သည်။ အိုးလ်ဟမ်းအသင်းသည် နယ်သာလန်နာမည်ကျော်ကွင်းလယ်လူဟောင်း ဆီးဒေါ့ဖ်ကိုလည်း နည်းပြအဖြစ်ခန့်အပ်ရန် ဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဖလားနှင့်အတူ တွေ့ရသည့် ပေါလ်စခိုးလ်
Photo: The Sun

မန်ယူအသင်းအတွက် ကစားသမားခဲ့သည့် နှစ်(၂၀)ကာလအတွင်း ပေါလ်စခိုးလ်သည် ပရီးမီးယားလိဂ်ဖလား (၁၁)ကြိမ်၊ အက်ဖ်အေဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ် (၂)ကြိမ်၊ လိဂ်ဖလား (၂)ကြိမ်၊ ကွန်မြူနတီဒိုင်း (၅)ကြိမ်နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ်ရရှိခဲ့ဖူးပြီး လက်ရှိအချိန်၌ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသလို၊ ဆဲလ်ဖို့ဒ်အသင်းကိုလည်း မန်ယူအသင်းဖော်ဟောင်းအချို့နှင့်အတူ ပူးတွဲပိုင်ဆိုင်ထားသည်။

Most Read

Most Recent