ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ပနားမားသမ္မတ အစိုးရရုံးပိတ်ရက် သတ်မှတ်ပေး

ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ပနားမားသမ္မတ အစိုးရရုံးပိတ်ရက် သတ်မှတ်ပေး
Published 12 October 2017

 

 

ပနားမားသမ္မတ ဟွမ်ကားလို့စ်ဗာရီလာသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပနားမားအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့်အတွက် အောင်ပွဲခံရန် အစိုးရရုံးပိတ်ရက်သတ်မှတ်ပေးခဲ့ကြောင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်
ပြီးနောက် ပနားမားအသင်းနှင့်
ပရိသတ်များ အောင်ပွဲခံနေစဉ်
Photo: AFP

သိရသည်။
'' ဒီနေ့ဟာ ကျွန်တော်တို့နိုင်ငံအတွက် သမိုင်းဝင်နေ့တစ်နေ့ပါပဲ။ မနက်ဖြန်(ကြာသပတေးနေ့)ကို အစိုးရရုံးပိတ်ရက်သတ်မှတ်ပေးပါမယ်'' ဟု Twitter တွင် ရေးသား၍ ပြည်သူလူထုကို အသိပေးခဲ့သည်။

ပနားမားအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကွန်ကာကပ်ဖ်ဇုန်နောက်ဆုံးပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီးသား ကော်စတာရီကိုအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပနားမားနိုင်ငံတွင် ဘေ့စ်ဘောနှင့် လက်ဝှေ့အားကစားနည်းတို့မှာ ပရိသတ်စိတ်ဝင်စားမှုအရှိဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းကြောင့် ပနားမားပြည်သူများ၏ ဘောလုံးအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။

Most Read

Most Recent