ပိုချက်တီနိုကို အနိုင်ရအောင်ကြိုးစားရမယ့် ဂွါဒီယိုလာ၊ အမေရိကမှာ ရှုစားရမယ့် ရီးယဲလ်-ဘာစီလိုနာတို့ရဲ့ El Clasico

ပိုချက်တီနိုကို အနိုင်ရအောင်ကြိုးစားရမယ့် ဂွါဒီယိုလာ၊ အမေရိကမှာ ရှုစားရမယ့် ရီးယဲလ်-ဘာစီလိုနာတို့ရဲ့ El Clasico
Published 31 July 2017

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့ ပြီးခဲ့သည့်ရာသီက လာလီဂါတွင် ဆုံတွေ့ခဲ့စဉ် (Photo: AFP)

ဒီတစ်ပတ်မှာတော့ International Champions Cup လေးပွဲ ယှဉ်ပြိုင်ကစားသွားဖို့ရှိပြီး စင်ကာပူမှာကစားမယ့် ချယ်လ်ဆီး-အင်တာမီလန်ပွဲကလွဲရင် ကျန်သုံးပွဲက အမေရိကမှာ ကစားမယ့်ပွဲတွေပါ။ အမေရိကမှာကစားမယ့် သုံးပွဲစလုံးဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံတူကလပ်အသင်းချင်း ဆုံတွေ့တဲ့ပွဲတွေ ဖြစ်နေပါတယ်။ မန်စီးတီးနဲ့ စပါး တွေ့ဆုံမှုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ရောက်လာပြီးနောက်ပိုင်း စပါးနည်းပြ ပိုချက်တီနိုကို အနိုင်မရသေးမှုကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းရမှာပါ။ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကတော့ စပိန်မြေပြင်ပမှာ El Clasico ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂုဏ်သိက္ခာအတွက် နှစ်သင်းစလုံး အနိုင်မခံ၊ အရှုံးမပေးကစားကြမှာ သေချာနေပါတယ်။

■ ချယ်လ်ဆီး နှင့် အင်တာမီလန်

(၂၉-၇-၂၀၁၇ စနေ ညနေ ၆း၀၅ )

ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားခဲ့တဲ့ အင်တာမီလန်ရဲ့ ခြေစွမ်းကို သတိထားရမယ်။ အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ စိတ်မချရသေးတဲ့ ညာခြမ်းခံစစ်ကို ပါရီဆစ်က ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီပွဲက ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးခြေစမ်းပွဲဖြစ်နေတာကြောင့် ဖိဖိစီးစီး ကစားလာနိုင်ပါတယ်။ တိုက်စစ်မှူး မိုရာတာလည်း ပွဲထွက် လာနိုင်တာကြောင့် ချယ်လ်ဆီးကိုပဲ ရွေးချယ်လိုက်ပါတယ်။

 

■ မန်စီးတီး နှင့် စပါး

(၃၀-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၄း၃၅ )

မန်စီးတီးက ဝေါ်လ်ကာ၊ မန်ဒီ၊ ဒန်နီလိုတို့ကို ခေါ်ယူပြီးနောက်မှာ ၃-၅-၂ ကစားကွက်ကို အသက်သွင်းလာတာ တွေ့ရတယ်။ ဂျေးဆူ နဲ့ အဂွဲရိုးကို တစ်ပြိုင်နက် ပွဲထုတ်နိုင်ပြီး တောင်ပံ ခံစစ်ကစားသမားသစ်တွေကလည်း လုပ်အားနှုန်းကောင်းတာကြောင့် ရီးယဲလ်လို ထိပ်သီးအသင်းကိုတောင် ဂိုးပြတ်နိုင်ခဲ့ပါတယ်။ စပါးကလည်း ဖွင့်ကစားတတ်တာကြောင့် ဂိုးများသွားနိုင်ပြီး မန်စီးတီးကို ပိုကြိုက်ပါတယ်။

 

■ ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ

(၃၀-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၆း၃၅)

ICC ပွဲတွေမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ခွန်အားစိုက်ထုတ်မှုက အားရစရာမရှိဘူး။ မန်ယူနဲ့ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ထားတယ်။ ဘာစီလိုနာကတော့ ရာသီကြိုမှာ နိုင်ပွဲဆက်နေပြီး အသင်းက ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ နေမာက ဂိုးတွေဆက်တိုက် သွင်းယူနေပါတယ်။ ရီးယဲလ်က ဒီပွဲမှာ ဂုဏ်သိက္ခာအတွက် ပိုမိုအားထုတ်လာနိုင်ပေမယ့် ခြေမှန်နေတဲ့ ဘာစီလိုနာ အနိမ့်ဆုံးသရေပါ။

 

■ ရိုးမား နှင့် ဂျူဗင်တပ်စ်

(၃၁-၇-၂၀၁၇ တနင်္လာ နံနက် ၂း၃၅ )

ပုံမှန်ဆိုရင်တောင် ရိုးမားက ဂျူဗင်တပ်စ်ထက် တစ်ဆင့်နိမ့်နေတာပါ။ ဆာလာ၊ ရူဒီဂါ၊ ပါရီဒက်စ်တို့ မရှိတော့တဲ့နောက်မှာတော့ ဂျူဗင်တပ်စ်နဲ့ ပခုံးချင်းယှဉ်ဖို့ အရမ်းခက်သွားပါပြီ။ ဂျူဗင်တပ်စ်ကတော့ ဘိုနူချီ၊ အဲလ်ဗတ်စ်တို့ ထွက်ခွာသွားတဲ့ ခံစစ်ပိုင်း အထိုင်ပြန်ကျသွားရင် ဖြိုလှဲရခက်တဲ့အသင်း ဖြစ်လာဦးမှာပါ။ ဂျူဗင်တပ်စ်ပဲ အနိုင်ရသွားဖို့ များပါတယ်။

Most Read

Most Recent